တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ယူနန် "ကျီကျောက်အမ်း သီလရှင်ကျောင်း" (Jizhao' an)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-04-10 15:22:01


ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ယူနန်ပြည်နယ် တာ့လီမြို့ (Dali)တွင် “ကျီကျောက်အမ်း” (Jizhao’an)ဟုခေါ်သော သီလရှင်ကျောင်းတစ်ကျောင်းရှိပြီး ချန်းရှန်းတောင် (Cang Shan) ၏ တောင်ခါးလယ်တွင် တည်ရှိကာ တောင်တန်းပြာပြာ မြူခိုးဝေ့ဝေ့များအကြား ကွယ်ဝှက်နေပေသည်။ “ကျီကျောက်အမ်း သီလရှင်ကျောင်း” (Jizhao’an) ဆိုသည်မှာ “နေရောင်ခြည်ကဲ့သို့ တောက်ပပြီး တည်ငြိမ်အေးချမ်းသော သီလရှင်ကျောင်း” ဟူသော အနက်ရှိပြီး ဤနေရာသည် ယင်း၏အမည်အတိုင်းပင် အလွန်တိတ်ဆိတ်ငြိမ်သက်‌လှသည်။ ကျောင်းဘေးပတ်ဝန်းကျင်တွင် ထင်းရှူးပင်များဖြင့် ဝန်းရံအုပ်ဆိုင်းနေပြီး ပတ်ဝန်းကျင် အေးချမ်းတိတ်ဆိတ်နေကာ နေရာတိုင်း၌ ကြည်လင်လန်းဆန်း ငြိမ်သက်အေးချမ်းသော အငွေ့အသက်များ ရရှိခံစားနေစေ‌ပါသည်။ 


WeChat Image_20220410091640.png


ကျောင်းတော်၏ တံခါး‌ခြေနင်းဘောင်အတွင်းသို့ လှမ်းလျှောက်ဝင်ရောက်လာလျှင် ဘေးတစ်ဖက်တစ်ချက်စီတွင် သစ်ပင်ပန်းမန်မျိုးစုံကို အပြည့်အနှက် ခင်းကျင်းထားသည်။ ဤနေရာတွင် သီလရှင်ကျောင်း အငွေ့အသက်များ မရှိပါဘဲနှင့် ယင်းသည် နွေဦးရာသီအငွေ့အသက်များ အပြည့်အဝရှိနေသော အနုပညာဥယျာဉ်နှင့် ပိုတူသည်ဟုပင် သင်အံ့သြမိပါလိမ့်မည်။


WeChat Image_20220410092946.png


မြက်တစ်‌ပွေ သစ်တစ်ပင်၊ အုတ်တစ်ချပ် သဲတစ်ပွင့်၊ သက်သတ်လွတ်ဟင်းလျာတစ်ပွဲ၊ ရေနွေးကြမ်းတစ်ခွက် စသဖြင့် ကျီကျောက်အမ်း သီလရှင်ကျောင်း (Jizhao’an)၏ အချိန်မိနစ်စက္ကန့်တိုင်းသည် အလွန်ပင် သာယာကောင်းမွန်‌လှပါသည်။