"သွားကြစို့၊ တရုတ်နိုင်ငံသို့" - အာရုံဖမ်းစား မျောက်တစ်ကောင်၏ ညှို့ချက်အား

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-04-01 12:46:46


ဗီဒီယိုကို China Daily Website မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



WeChat Image_20220304092303.jpg


ဤဗီဒီယိုသည် ပိုးလမ်းမကို အဓိကအကြောင်းအရာအဖြစ် ထားရှိ၍ နိုင်ငံခြားသားတစ်ဦးဖြစ်သည့် အစီအစဉ်တင်ဆက်သူ Kevin Cook ၏ တရုတ်နိုင်ငံရောက် ယဉ်ကျေးမှုခရီးစဉ်ကို နားလည်လွယ်အောင် ဖော်ပြတင်ဆက်ထားပါသည်။ ဘေးလူတစ်ယောက်၏ ရှုထောင့်အမြင်ဖြင့် Kevin ၏ ကိုယ်တွေ့အတွေ့အကြုံများမှတစ်ဆင့် တရုတ်ရိုးရာယဉ်ကျေးမှု၏ လက်ဆင့်ကမ်းအမွေဆက်ခံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အပြင် ခေတ်သစ်ယဉ်ကျေးမှု၏ ဆန်းသစ်တီထွင်မှုရလဒ်နှင့် အသက်ဝင်မှုတို့ကို ထင်ရှားစွာ တင်ဆက်ပြသထားပါသည်။


WeChat Image_20220401100622.png


ပရိသတ်က ပေးပို့လာသည့် “အနောက်သို့ခရီးသွားခြင်းမှတ်တမ်း (Journey to the West)” ကာတွန်းစာအုပ်လေးကြောင့် မျောက်ချစ်သော Kevin သည် အသည်းကျော် စွန်းဝူခုန်း (Sun Wukong) အား ရှာပုံတော်ဖွင့်မည့် တရုတ်ကာတွန်းခရီးစဉ်ကို ခြေလှမ်းစရန် အလျင်စလို ဖြစ်နေပါတော့သည်။


WeChat Image_20220401100626.png


Kevin သည် နောင်တော်ကြီးမျောက်၏ ခြေရာအတိုင်း တစ်လမ်းလုံး မေးမြန်းစုံစမ်း ရှာဖွေလေ့လာနေရင်း ကာတွန်းဆိုသည်မှာ စူပါမင်းနှင့် လင်းနို့လူသားတို့၏ တိုက်ပွဲသာမဟုတ်ဘဲ တန်ခိုးရှင်နှင့် နီကျားလေးတို့ ယှဉ်တွဲကြသည့် ကဗျာဆန်ဆန်အငွေ့အသက်များလည်း ရှိနိုင်ကြောင်းကို တွေ့ရှိခဲ့ပါသည်။ 


WeChat Image_20220401100632.png


မျောက်တစ်ကောင်ကို စွဲမက်ရုံသာမက တရုတ်ကာတွန်းဇာတ်ကောင်များ၏ ကြိုးစားအားထုတ်မှုများက ယခုခရီးစဉ်မှ Kevin အား ပို၍ပင် အာရုံဖမ်းစားနိုင်ခဲ့ပါသေးသည်။ ထို့ကြောင့်ပင် သူသည် တန်ခိုးရှင်နှင့် မိမိတို့၏ တရုတ်စတိုင်လ်ကာတွန်းကို ကိုယ်တိုင်ဖန်တီးရန် ဆုံးဖြတ်ခဲ့လေသည်။


WeChat Image_20220401100636.png