တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် ယူနန်ဆေးဆိုးပန်းရိုက်ပညာ - လက်ရာတင့်ဆန်း ဆေးထည်ပိတ်ပန်း၊ သက်တမ်းရှည်ကြာ မဲနယ်ရောင်ပြာ
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဆေးဆိုးပန်းရိုက်ခြင်းသည် တရုတ်နိုင်ငံ၏ ရှေးကျသော အထည်ဆိုးဆေး အတတ်ပညာတစ်မျိုးဖြစ်သည်။ ပုံမှန်အားဖြင့် ချည်ဖြူထည် သို့မဟုတ် ချည်သားနှင့် ဂုန်လျှော်သားတို့ကို ရောစပ်ရက်လုပ်ထားသည့် အဖြူရောင်အထည်များကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး ဆိုးဆေးအနေဖြင့် အပင်မှရသော မဲနယ်ဆိုးဆေးကို အဓိကအသုံးပြုသည်။ ယင်းထုတ်ကုန်များသည် အရောင်အသွေး တောက်ပရုံသာမက အရောင်မှိန်လျော့သွားခြင်းလည်း လုံးဝမရှိပေ။
ယူနန်ပြည်နယ် တာ့လီ(Dali)ဒေသရှိ ပိုင်လူမျိုး(Bai)တို့၏ ဆေးဆိုးပန်းရိုက် အတတ်ပညာသည် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်သည်။ ယင်းသည် ရှေးခေတ် ကြိုးထုံးချည်နည်းအတတ်ပညာနှင့် ယခုခေတ် ပုံနှိပ်ဆေးဆိုးခြင်းလက်မှုပညာများ၏ ပေါင်းစပ်ထားမှု အခြေခံအပေါ်တွင် ရောင်စုံဆေးဆိုးပန်းရိုက်ခြင်း ဆိုသည့် ဤကဲ့သို့သော လက်မှုပုံနှိပ်ဆေးဆိုးနည်းပညာ အသစ်ကို တီထွင်ဆန်းသစ်ခဲ့သည်။
ရောင်စုံဆေးဆိုးပန်းရိုက်ခြင်းသည် ရိုးရာမိုနိုခရမ် ဆေးဆိုးပန်းရိုက်ခြင်း၏ အရောင်အသွေးကန့်သတ်ချက်ကို ထိုးဖောက်ကျော်လွန်၍ အရောင်အများအပြားတို့၏ တွဲဖက်ပေါင်းစပ်မှုနှင့် အရောင်အသွေး တစ်သမတ်တည်းဖြစ်မှုကို အလေးထားသည်။ ကြိုးချည်ထုံးစဉ်ရှိ အကျယ်၊ အကျဉ်း၊ အလျော့၊ အတင်း၊ အကျဲ၊ အစိပ်တို့၏ ကွာဟချက်များကို အသုံးချ၍ ဆေးရောင်ဆိုးခြင်း၏ အဖျော့အရင့် မတူညီမှုကို ဖြစ်ပေါ်စေကာ အပွင့်အခတ်ဒီဇိုင်း မတူညီကွဲပြားသော အနုပညာသက်ရောက်မှုရလဒ်အဖြစ် ဖန်တီးဖြစ်ပေါ်စေသည်။