၂၀၂၂ ခုနှစ် “မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ” ကဏ္ဍတွဲလှုပ်ရှားမှုအစီအစဉ် - “တွေ့ဆုံကြမယ် ကျီလင်ဆောင်းဝယ်၊ ဆီးနှင်းများဖြင့် ဆော့ကစားမယ်” ဓာတ်ပုံပြပွဲ (အပိုင်း - ၃)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-04-02 19:26:12


ဓာတ်ပုံများကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


WeChat Image_20220223092527.jpg


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ Official Website နှင့် မီဒီယာပလက်ဖောင်းများတွင် ရေခဲဆီးနှင်းခေါင်းစဉ်အကြောင်းအရာ ရုပ်သံမှတ်တမ်းတင်ဆက်မှု၊ ဒေသအသီးသီး၏ အွန်လိုင်းခရီးသွားမိတ်ဆက်ရက်သတ္တပတ်၊ နာမည်ကျော်ခရီးသွားနေရာများကို ကြာမြင့်စွာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အစရှိသည့် အစီအစဉ်အကြောင်းအရာများကို တင်ဆက်ပြီး တရုတ်နိုင်ငံမြောက်ပိုင်း (၇) ပြည်နယ် (ဒေသ၊ မြို့)၏ ဆောင်းရာသီ အလှအပရှုခင်းများနှင့် အစားအစာများ၊ ဒေသအသွင်အပြင်နှင့် ဓလေ့စရိုက်များ၊ တရုတ်နိုင်ငံမြောက်ပိုင်း ဆောင်းရာသီ ရေခဲဆီးနှင်းခရီးသွားလာမှု၏ ညှို့ငင်အားများကို အသက်ဝင်စွာ တင်ဆက်သွားမည် ဖြစ်ပါသည်။ 




ဆီးနှင်းဆိုသည်မှာ သဘာဝတရားကြီးက ကျီလင်(Jilin)အား ရက်ရက်ရောရော ချီးမြှင့်ထားသည့် ဆုလာဘ်ပင် ဖြစ်ပြီး ကျီလင်(Jilin)ဆောင်းရာသီခရီးသွားလာရေး၏ အပေါ်လွင်ဆုံးအချက်လည်း ဖြစ်ပေသည်။ ကျီလင်(Jilin)ဆောင်း၏ ဆီးနှင်းမြင်ကွင်းမှာ မင်ပန်းချီကားချပ်ပမာ၊ နှင်းခဲမှုန်များမှာ နွေဦးရာသီ၏ သစ်တော်ပန်းများပမာ ဖြစ်နေပါတော့သည်။ နှင်းလျှောစီးအားကစားကို ကျယ်ပြန့်သိုက်မြိုက်စွာ ကျင်းပကြပြီး ဆီးနှင်းပြင်ရေပူစမ်းရေများမှာ အပေါ်သို့ ပွက်ထနေကာ ဓလေ့ရိုးရာ ထုံတမ်းအစဉ်အလာ အငွေ့အသက်များသည်လည်း နေရာအနှံ့ ပြည့်နှက်လျက်ရှိသည်။ ခရီးသွားဧည့်သည်များအနေဖြင့် ဆီးနှင်းအလှရှုစားခြင်း၊ ဆီးနှင်းများဖြင့် ဆော့ကစားခြင်း၊ နှင်းလျှောစီးခြင်း စသဖြင့် များပြားစုံလင်လှသည့် ရေခဲဆီးနှင်းဆိုင်ရာကဏ္ဍများတွင် ပါဝင်လေ့လာနိုင်မည်ဖြစ်ပြီး နွေးထွေးသော နေရောင်အောက်၊ ဖြူဖွေးနူးညံ့သော ဆီးနှင်းပြင်ထက်တွင် ရေခဲဆီးနှင်း၏ စွဲမက်ဖွယ်များကို တစ်ဝကြီး ခံစားနိုင်မည် ဖြစ်ပါသည်။ 



“တွေ့ဆုံကြမယ် ကျီလင်ဆောင်းဝယ်၊ ဆီးနှင်းများဖြင့် ဆော့ကစားမယ်” ဓာတ်ပုံပြပွဲသည် ဓာတ်ပုံပညာရှင်များ၏ ကင်မရာများမှတစ်ဆင့် ဤကဲ့သို့ လှပသော တဒင်္ဂအချိန်များကို ဖမ်းယူရိုက်ကူးထား၍ ကျီလင်(Jilin) ဆောင်းတွင်းပွဲသဘင်တစ်ခုအဖြစ် ဖြည့်ဆည်းစွမ်းဆောင်ပေးခဲ့ပါသည်။ အားလုံးအား ဆောင်းရာသီတွင် ကျီလင်(Jilin)မှာ ဆီးနှင်းများ လာရောက်ကစားကြရန် ဖိတ်ခေါ်အပ်ပါသည်။