တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - လန်ချန်း-မဲခေါင် တစ်မြစ်တည်းရေ တူစုံသောက်သုံး
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
လန်ချန်း-မဲခေါင်မြစ်သည် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံကို ရင်းနှီးနီးကပ်စွာ ဆက်သွယ်ပေးထားသည့် ချိတ်ဆက်မှုနှောင်ကြိုး တစ်သွယ်ပမာ ဖြစ်နေပါသည်။ တစ်မြစ်တည်းရေကို တူစုံသောက်သုံးကြသော တရုတ်နှင့်မြန်မာ နှစ်နိုင်ငံရှိ ပြည်သူပြည်သားများသည် သမိုင်းကြောင်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာသည့် ဤမြစ်ရှည်ကြီးတွင် အချင်းချင်း ရိုင်းပင်းကူညီ၍ အပြန်အလှန် လေ့လာသင်ယူခဲ့ကြကာ ခိုင်မာနက်ရှိုင်းသော “ပေါက်ဖော်”ချစ်ကြည်ရေးသံယောဇဉ်ကို ဖြစ်ပေါ်လာစေသည်။
ဤဗီဒီယိုသည် စစ်မှန်သော ဇာတ်လမ်းအကြောင်းအရာတစ်ခုမှတစ်ဆင့် ကျွန်ုပ်တို့အား တရုတ်နှင့်မြန်မာ နှစ်နိုင်ငံတို့၏ ပထဝီဝင်အနေအထား နီးနီးကပ်ကပ်ရှိပြီး ယဉ်ကျေးမှုများ အပြန်အလှန် ဆက်စပ်နားလည်နိုင်ကာ ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိခြင်းများကို မြင်တွေ့စေနိုင်ပြီး တရုတ်နှင့်မြန်မာ နှစ်နိုင်ငံပြည်သူများအကြား ကောင်းမွန်သော လူမှုယဉ်ကျေးမှုဖလှယ်ရေးနှင့် ဖြူစင်ရိုးရှင်းသော လူမျိုးရေးရာအကျင့်ဓလေ့များကို ပြသနေပါသည်။