"သွားကြစို့ တရုတ်နိုင်ငံသို့" - ရေးမနိုင်အောင်ဆန်းပြား တရုတ်စာလုံးအရေးအသား
ဗီဒီယိုကို China Daily Website မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဤဗီဒီယိုသည် ပိုးလမ်းမကို အဓိကအကြောင်းအရာအဖြစ် ထားရှိ၍ နိုင်ငံခြားသားတစ်ဦးဖြစ်သည့် အစီအစဉ်တင်ဆက်သူ Kevin Cook ၏ တရုတ်နိုင်ငံရောက် ယဉ်ကျေးမှုခရီးစဉ်ကို နားလည်လွယ်အောင် ဖော်ပြတင်ဆက်ထားပါသည်။ ဘေးလူတစ်ယောက်၏ ရှုထောင့်အမြင်ဖြင့် Kevin ၏ ကိုယ်တွေ့အတွေ့အကြုံများမှတစ်ဆင့် တရုတ်ရိုးရာယဉ်ကျေးမှု၏ လက်ဆင့်ကမ်းအမွေဆက်ခံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အပြင် ခေတ်သစ်ယဉ်ကျေးမှု၏ ဆန်းသစ်တီထွင်မှုရလဒ်နှင့် အသက်ဝင်မှုတို့ကို ထင်ရှားစွာ တင်ဆက်ပြသထားပါသည်။
ကုလားအုတ်ချူသံ ချွင်ချွင်ညံသည့် မြင်ကွင်းသရုပ်သည် Kevin အား ရှေးခေတ်ချန်အန်း(Chang'an)သို့ ပြန်လည်ရောက်ရှိသွားစေပါသည်။ ဤနေရာသည် ပိုးလမ်းမ၏ စမှတ်နေရာဖြစ်ပြီး ယဉ်ကျေးမှု ဆင့်ကမ်းခြင်းနှင့် ဖလှယ်ခြင်းများကို သက်သေထူထားခဲ့ဖူးလေသည်။ ထို့အပြင် စက္ကူပြုလုပ်မှုအတတ်ပညာ၏ မူလအရင်းအမြစ်သည်လည်း ဤနေရာကပင် စတင်ခဲ့ခြင်း ဖြစ်သည်။
အမြင်အားဖြင့်ကြည့်လျှင် လွယ်ကူသယောင်ထင်ရသည့် စက္ကူတစ်ရွက်သည် မရေတွက်နိုင်လောက်အောင် များပြားသော လုပ်ငန်းစဉ်အဆင့်များနှင့် ကြာမြင့်သော အချိန်များကို ဖြတ်ကျော်ရန် လိုအပ်ပါသည်။ စာရွက်ပေါ်၌ ရေးသားထားသော တရုတ်စာလုံးများသည် သမိုင်းကြောင်း ဆင့်ကဲတိုးတက်မှုနှင့် ပြောင်းလဲမှုများ၏ မျက်မြင်သက်သေ အစစ်အမှန်များပင် ဖြစ်လေတော့သည်။ ခက်ရာမှ လွယ်ရာ၊ နှေးရာမှ မြန်ရာ စသဖြင့် စာလုံးတစ်လုံးတွင် ရေးသားနည်းအမျိုးမျိုး ရှိနိုင်ပြီး ထိုရေးသားနည်းများအားလုံးတွင် တရုတ်လူမျိုးများ၏ အတွေးအမြင်နှင့် ဉာဏ်ပညာထက်မြက်မှုများ အပြည့်အဝ ပါဝင်နေပေသည်။
ထို့အပြင် မင်စုတ်ချက်လက်ရေးလှ အငွေ့အသက်များသည်လည်း မြို့၏ လမ်းမကြီးငယ် နေရာအနှံ့သို့ ပျံ့နှံ့နေပြီး Kevin ၏ လာရောက်ရှာဖွေ တွေ့အရှိကို စောင့်ဆိုင်းနေကြလေသည်။