“သွားကြစို့၊ တရုတ်နိုင်ငံသို့” - အပူချိန်များနှင့် ကြွေထည်များ
ဗီဒီယိုကို China Daily Website မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဤဗီဒီယိုသည် ပိုးလမ်းမကို အဓိကအကြောင်းအရာအဖြစ် ထားရှိ၍ နိုင်ငံခြားသားတစ်ဦးဖြစ်သည့် အစီအစဉ်တင်ဆက်သူ Kevin Cook ၏ တရုတ်နိုင်ငံရောက် ယဉ်ကျေးမှုခရီးစဉ်ကို နားလည်လွယ်အောင် ဖော်ပြတင်ဆက်ထားပါသည်။ ဘေးလူတစ်ယောက်၏ ရှုထောင့်အမြင်ဖြင့် Kevin ၏ ကိုယ်တွေ့အတွေ့အကြုံများမှတစ်ဆင့် တရုတ်ရိုးရာယဉ်ကျေးမှု၏ လက်ဆင့်ကမ်းအမွေဆက်ခံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အပြင် ခေတ်သစ်ယဉ်ကျေးမှု၏ ဆန်းသစ်တီထွင်မှုရလဒ်နှင့် အသက်ဝင်မှုတို့ကို ထင်ရှားစွာ တင်ဆက်ပြသထားပါသည်။
ဤနေရာသည် “China (တရုတ်နိုင်ငံ)” ဟူသော စကားလုံး၏ အစပြုရာမြေဖြစ်ပြီး ပညာရှိတို့ နေထိုင်ပျော်မွေ့ရာ ကြွေထည်မြေလည်း ဖြစ်သည်။ ဤသည်မှာ ကျင်တယ်ကျန့် (Jingdezhen) မြို့ ဖြစ်ပါသည်။ ဤနေရာတွင် Kevin သည် ဖြူပြာစပ်ကြွေထည် (တရုတ်ရိုးရာ မြေထည်နှင့်ကြွေထည်ဖုတ်လုပ်သည့် အတတ်ပညာ) ပြုလုပ်မှုအတတ်ပညာနောက်သို့ လိုက်ရင်းမှတစ်ဆင့် ရှေးရိုးနည်းဖြင့် ကြွေထည်ပြုလုပ်ပုံကို လေ့လာပြီး ကြွေထည်ဖုတ်ဖို၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ရှာဖွေသွားပါမည်။ ထို့အပြင် ရှေးခေတ်နှင့် ယနေ့ခေတ်၏ တရုတ်နိုင်ငံနှင့် အနောက်တိုင်းသို့ ကျော်လွှားသွားရောက်၍ မျက်မှောက်ခေတ်ကြွေထည်မြို့နှင့် လူမှုယဉ်ကျေးမှုအနှစ်သာရများကို ခံစားလေ့လာသွားမည် ဖြစ်ပါသည်။
ကြွေထည်ကို ရှေးဟောင်းပစ္စည်းအဖြစ်သာ မယူဆလိုက်ပါနှင့်။ ၁၉၉၀ ခုနှစ်နောက်ပိုင်းဖွားမျိုးဆက်က သင့်အား မီးပြင်းဖုတ်နည်းနှင့် မီးအေးဖုတ်နည်းများကို စိတ်ဝင်စားဖွယ်ဖြစ်အောင် သင်ပြပေးသွားပါမည်။ ကြွေထည်ကို အသေးအမွှားပစ္စည်းလေးအဖြစ်သာ မမြင်လိုက်ပါနှင့်။ ခေတ်သစ်ဖြူပြာစပ်ကြွေထည်ပညာရှင်က သင့်အား လုံးဝအသစ်ဖြစ်သော ဖြူပြာစပ်ကြွေထည်သရုပ်ကို ရှင်းပြပေးသွားပါမည်။ ချန်းနန်(Changnan)မှ အစပြုကာ China (တရုတ်နိုင်ငံ) အဖြစ်နှင့် အဆုံးသတ်ထား၍ Kevin နှင့်အတူ ကျင်တယ်ကျန့်(Jingdezhen)မြို့မှ စတင်လိုက်ကြပါစို့။