တရုတ်ရုပ်ရှင် - နိုင်ငံခြားသားများ အနှစ်သက်ဆုံး တရုတ်ကွန်ဖူးရုပ်ရှင်ဇာတ်ကား (၅) ကား
ဗီဒီယိုကို ပေကျင်း ရွှိဖန်း(Xufang) အင်တာနေရှင်နယ် ဒစ်ဂျစ်တယ် ယဉ်ကျေးမှု ကုမ္ပဏီလီမိတက်မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဓာတ်ပုံကို အင်တာနက်မှ ကူးယူတင်ပြထားခြင်း ဖြစ်ပါသည်။
တရုတ်ရိုးရာကိုယ်ခံပညာရပ်သည် အကန်၊ အရိုက်၊ နပန်းလုံး၊ မချီ၊ တိုက်ခိုက်၊ ထိုးစိုက် အစရှိသည့် ထိုးစစ်ဆင်ခုခံတိုက်ခိုက်ခြင်းလှုပ်ရှားမှုများကို အခြေခံအချက်အဖြစ် ထားရှိပါသည်။ တောင်ပိုင်းနှင့် မြောက်ပိုင်းနေရာအသီးသီး၊ သိုင်းပညာသင်တန်းကျောင်းဂိုဏ်းအဖွဲ့အသီးသီး၏ သိုင်းအတတ်ပညာသမိုင်းကြောင်း ရှည်လျားကြာမြင့်လှပြီး တရုတ်ရိုးရာယဉ်ကျေးမှု၏ အရေးပါသော အခန်းကဏ္ဍ ဖြစ်လာခဲ့ပါသည်။
ကွန်ဖူးဇာတ်ကားများ ခေတ်စားလာသည့်အလျောက် “ကွန်ဖူး” သည်လည်း တရုတ်ရိုးရာသိုင်းပညာရပ်၏ နာမ်စားစကားလုံး ဖြစ်လာကာ ကမ္ဘာတစ်ဝှမ်း လူသိများရင်းနှီးလာပါသည်။
ယနေ့တွင် “Crouching Tiger, Hidden Dragon” ၊ “Enter The Dragon” ၊ “The Legend of Drunken Master 2” ၊ “Fearless” ၊ “IP Man” စသည့် နိုင်ငံခြားသားများ အနှစ်သက်ဆုံး တရုတ်ကွန်ဖူးရုပ်ရှင်ဇာတ်ကား (၅) ကားကို အားလုံးအတွက် မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။