စာပေအနုပညာဖြင့် ရောဂါကို တွန်းလှန်တိုက်ဖျက်ခြင်း - မင်စုတ်တံစစ်ဝတ်စုံ ဆင်ကာမြန်းလို့ ပန်းချီအနုပညာတာဝန် တို့ထမ်းရွက်စို့ (အပိုင်း-၃)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:20:11

ယခုရက်ပိုင်းတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယူနန်ပြည်နယ် ပန်းချီအနုပညာအကယ်ဒမီနှင့်အတူတကွ လက်တွဲပူးပေါင်း၍ ပန်းချီအနုပညာရှင်တို့၏ တတ်ကျွမ်းပိုင်နိုင်သည့် အသက်မွေးဝမ်းကြောင်းပြု ပညာရပ်အားသာချက်များကို အပြည့်အဝ အသုံးချစေပြီး အားတက်နွေးထွေးစေသော ကပ်ရောဂါကာကွယ်တိုက်ဖျက်ခြင်းဆိုင်ရာ ပန်းချီအနုပညာလက်ရာပေါင်း ထောင်ကျော်ကို ဖန်တီးရေးဆွဲကာ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် အားဖြည့်စွမ်းဆောင်ခဲ့ခြင်းဖြင့် အားတက်သရော ပါဝင်လှုပ်ရှားခဲ့ပါသည်။ ထိုအနုပညာလက်ရာများသည် မြင်တွေ့နေကျ လူနေမှုဘဝပုံစံများ၊ ကူးစက်ရောဂါ ကျရောက်နေသည့် အခြေအနေအောက်ရှိ တရုတ်နိုင်ငံ ပြည်သူများ၊  စံပြုလောက်သော  ဖြစ်ရပ်မှန် အဖြစ်အပျက်များကို တေးသီချင်းများ ရေးစပ်သီဆို၍ ချီးမွမ်းဂုဏ်ပြု အားပေးခြင်း၊ မေတ္တာတရားများ ပွားများခြင်း၊ အကများဖြင့် ပြည်သူများ စိတ်ဓါတ် တက်ကြွစေရန် အားပေးခြင်းများကို အဓိက ဦးတည်၍ အလေးပေး ပုံဖော်ထားပါသည်။ ထိုအနုပညာလက်ရာများသည် အရောင်အသွေးစုံလင်ကာ အမျိုးအစား များစွာရှိပြီး တရုတ်စာမင်စုတ်ချက်လက်ရေးလှ၊ တရုတ်ရိုးရာပန်းချီ၊ ဆီဆေးပန်းချီ၊ သစ်ထွင်းပန်းချီ၊ ရေဆေးပန်းချီ၊ ကလေးရုပ်ပြပန်းချီ အစရှိသဖြင့် ပါဝင်ပါသည်။ ယခုတစ်ပတ်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆီဆေးပန်းချီကား (၁၂) ချပ်ကို ရွေးချယ်ပြီး စင်တာ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြတင်ဆက်ပေးသွားမည်  ဖြစ်ပါသည်။ အင်တာနက်အသုံးပြုသူ မိတ်ဆွေအပေါင်းတို့အား ထိုအသက်ဝင်၍ သဏ္ဌာန်ပီပြင်လှသော ပန်းချီကားများကို ခံစားကြည့်ရှုစေခြင်းမှတစ်ဆင့် တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို မျှဝေပေးကာ တရုတ်နိုင်ငံ၏ စွမ်းဆောင်နိုင်မှုအင်အားနှင့် မေတ္တာများကို လေ့လာသိရှိနိုင်စေမည် ဖြစ်ပါသည်။   (ဖော်ပြပါ ပန်းချီကားများသည် သက်တမ်းအလိုက် စီစဉ်ဖော်ပြထားခြင်း ဖြစ်ပါသည်။)

 

图片

“ကျန်းမာရေးဝန်ထမ်းများအားဂုဏ်ပြုအလေးပြုခြင်း” Yali 

 

图片

“အရုဏ်ဦးသို့ရောက်ရှိတော့မည်” Chen Kunlin

 

图片

“ညကင်းလှည့်ခြင်း” Tong Zhiwei


 图片

“စွဲထင်ကျန်ရစ်ခဲ့သောအရာ၃ရာ” Tong Zhiwei

 

图片

“စေ့စပ်သေချာစွာဆောင်ရွက်ခြင်း” Ma Xingguo

 

图片

“ကုသကယ်တင်ရေးရှေ့တန်း” Zhang Jianlin

 

图片

“ရောဂါတွန်းလှန်တိုက်ဖျက်ခြင်း - ကာကွယ်စောင့်ရှောက်သူ” Zhao Zhengxiang

 

图片

“စစ်ဆင်ရေးအသစ် - ကာကွယ်စောင့်ရှောက်ခြင်း” Zhou Zhangke

 

图片

“စစ်ဆင်ရေးအသစ် - ဘေးကင်းလုံခြုံခြင်း” Zhou Zhangke

 

图片

“စစ်ဆင်ရေးအသစ် - စစ်သည်ရဲမက်” Zhou Zhangke

 

图片

“စစ်ဆင်ရေးအသစ် - ကိုယ်ထူကိုယ်ထဆောင်ရွက်ခြင်း” Zhou Zhangke

 

图片

“နိုင်ငံ့တုနှိုင်းမဲ့ပုဂ္ဂိုလ် Zhong Nanshan” Yang Xiaodong