စာပေအနုပညာဖြင့် ရောဂါကို တွန်းလှန်တိုက်ဖျက်ခြင်း - မင်စုတ်တံစစ်ဝတ်စုံ ဆင်ကာမြန်းလို့ ပန်းချီအနုပညာတာဝန် တို့ထမ်းရွက်စို့ (အပိုင်း-၂)
ယခုရက်ပိုင်းတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယူနန်ပြည်နယ် ပန်းချီအနုပညာ အကယ်ဒမီနှင့် အတူတကွ လက်တွဲပူးပေါင်း၍ ပန်းချီအနုပညာရှင်တို့၏ တတ်ကျွမ်းပိုင်နိုင်သည့် အသက်မွေးဝမ်းကြောင်းပြု ပညာရပ် အားသာချက်များကို အပြည့်အဝ အသုံးချစေပြီး အားတက် နွေးထွေးစေသော ကပ်ရောဂါကာကွယ်တိုက်ဖျက်ခြင်းဆိုင်ရာ ပန်းချီအနုပညာလက်ရာပေါင်း ထောင်ကျော်ကို ဖန်တီးရေးဆွဲကာ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် အားဖြည့်စွမ်းဆောင်ခဲ့ခြင်းဖြင့် အားတက်သရော ပါဝင်လှုပ်ရှားခဲ့ပါသည်။ ထိုအနုပညာလက်ရာများသည် မြင်တွေ့နေကျ လူနေမှုဘဝပုံစံများ၊ ကူးစက်ရောဂါ ကျရောက်နေသည့် အခြေအနေအောက်ရှိ တရုတ်နိုင်ငံ ပြည်သူများ၊ စံပြုလောက်သော ဖြစ်ရပ်မှန် အဖြစ်အပျက်များကို တေးသီချင်းများ ရေးစပ်သီဆို၍ ချီးမွမ်းဂုဏ်ပြု အားပေးခြင်း၊ မေတ္တာတရားများ ပွားများခြင်း၊ အကများဖြင့် ပြည်သူများ စိတ်ဓါတ် တက်ကြွစေရန် အားပေးခြင်းများကို အဓိက ဦးတည်၍ အလေးပေး ပုံဖော်ထားပါသည်။ ထိုအနုပညာလက်ရာများသည် အရောင်အသွေးစုံလင်ကာ အမျိုးအစား များစွာရှိပြီး တရုတ်စာမင်စုတ်ချက်လက်ရေးလှ၊ တရုတ်ရိုးရာပန်းချီ၊ ဆီဆေးပန်းချီ၊ သစ်ထွင်းပန်းချီ၊ ရေဆေးပန်းချီ၊ ကလေးရုပ်ပြပန်းချီ အစရှိသဖြင့် ပါဝင်ပါသည်။ ယခုတစ်ပတ်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ တရုတ်စာမင်စုတ်ချက်လက်ရေးလှ (၁၀) ပုံကို ရွေးချယ်ပြီး စင်တာ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြတင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ အင်တာနက်အသုံးပြုသူ မိတ်ဆွေအပေါင်းတို့အား ထူးခြားပြောင်မြောက်ပြီး ခေါင်းစဉ်နှင့် ကိုက်ညီအပ်စပ်သည့် တရုတ်စာမင်စုတ်ချက်လက်ရေးလှ အနုပညာလက်ရာများကို ခံစားကြည့်ရှုစေခြင်းမှတစ်ဆင့် တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို မျှဝေပေးကာ တရုတ်နိုင်ငံ၏ စွမ်းဆောင်နိုင်မှုအင်အားနှင့် မေတ္တာများကို လေ့လာသိရှိစေနိုင်မည် ဖြစ်ပါသည်။ (ဖော်ပြပါ မင်စုတ်ချက်လက်ရေးလှ အနုပညာလက်ရာများသည် သက်တမ်းအလိုက် စီစဉ်ဖော်ပြထားခြင်း ဖြစ်ပါသည်။)
ဖန်တီးရေးဆွဲသူ – Yan Youqiong
ဖန်တီးရေးဆွဲသူ – Yan Youqiong
ဖန်တီးရေးဆွဲသူ – Luo Jiang
ဖန်တီးရေးဆွဲသူ – Teng Pengchu
ဖန်တီးရေးဆွဲသူ – Teng Pengchu
ဖန်တီးရေးဆွဲသူ – Shen Jian
ဖန်တီးရေးဆွဲသူ – Li Yi
ဖန်တီးရေးဆွဲသူ – Fu Baozhong
ဖန်တီးရေးဆွဲသူ – Pan Yingzhao
ဖန်တီးရေးဆွဲသူ – Yang Zhongwen