စာပေအနုပညာဖြင့် ရောဂါကို တွန်းလှန်တိုက်ဖျက်ခြင်း - မင်စုတ်တံစစ်ဝတ်စုံ ဆင်ကာမြန်းလို့ ပန်းချီအနုပညာတာဝန် တို့ထမ်းရွက်စို့ (အပိုင်း-၁)
ယခုရက်ပိုင်းတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယူနန်ပြည်နယ် ပန်းချီအနုပညာ အကယ်ဒမီနှင့် အတူတကွ လက်တွဲပူးပေါင်း၍ “စာပေအနုပညာဖြင့် ရောဂါကို တွန်းလှန်တိုက်ဖျက်ခြင်း - မင်စုတ်တံစစ်ဝတ်စုံ ဆင်ကာမြန်းလို့ ပန်းချီအနုပညာတာဝန် တို့ထမ်းရွက်စို့” အစီအစဉ်ကို တင်ဆက်သွားမည် ဖြစ်ပါသည်။ ယူနန်ပြည်နယ် ပန်းချီအနုပညာ အကယ်ဒမီသည် ပန်းချီအနုပညာရှင်တို့၏ တတ်ကျွမ်းပိုင်နိုင်သည့် အသက်မွေးဝမ်းကြောင်းပြု ပညာရပ် အားသာချက်များကို အပြည့်အဝ အသုံးချစေပြီး အားတက် နွေးထွေးစေသော ကပ်ရောဂါကာကွယ်တိုက်ဖျက်ခြင်းဆိုင်ရာ ပန်းချီလက်ရာပေါင်း ထောင်ကျော်ကို ဖန်တီးရေးဆွဲကာ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် အားဖြည့်စွမ်းဆောင်ခဲ့ခြင်းဖြင့် အားတက်သရော ပါဝင်လှုပ်ရှားခဲ့ပါသည်။ ထိုပန်းချီ အနုပညာလက်ရာများသည် မြင်တွေ့နေကျ လူနေမှုဘဝပုံစံများ၊ ကူးစက်ရောဂါ ကျရောက်နေသည့် အခြေအနေအောက်ရှိ တရုတ်နိုင်ငံ ပြည်သူများ၊ စိတ်ဓါတ်ခွန်အား ပေးစွမ်းနိုင်သော တေးသီချင်းများဖြင့် ချီးမွမ်းဂုဏ်ပြု အားပေးခြင်း၊ မေတ္တာတရားများ ပွားများခြင်း၊ အကများဖြင့် ပြည်သူများ စိတ်ဓါတ် တက်ကြွစေရန် အားပေးခြင်းများကို အဓိက ဦးတည်၍ အလေးပေး ပုံဖော်ထားပါသည်။ ထိုပန်းချီ အနုပညာလက်ရာများသည် အရောင်အသွေးစုံလင်ကာ အမျိုးအစား များစွာရှိပြီး တရုတ်ရိုးရာပန်းချီ၊ ဆီဆေးပန်းချီ၊ သစ်ထွင်းပန်းချီ၊ ရေဆေးပန်းချီ၊ ကလေးရုပ်ပြပန်းချီ အစရှိသဖြင့် ပါဝင်ပါသည်။ ယခုတစ်ပတ်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ တရုတ်ရိုးရာပန်းချီ (၁၂) ပုံကို ရွေးချယ်ပြီး စင်တာ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြတင်ဆက် ပေးသွားမည် ဖြစ်ပါသည်။ အင်တာနက်အသုံးပြုသူ မိတ်ဆွေအပေါင်းတို့အား ထိုအသက်ဝင်၍ သဏ္ဍာန်ပီပြင်လှသော ပန်းချီကားများကို ခံစားကြည့်ရှုစေခြင်းမှတစ်ဆင့် တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို မျှဝေပေးကာ တရုတ်နိုင်ငံ၏ စွမ်းဆောင်နိုင်မှုအင်အားနှင့် မေတ္တာများကို လေ့လာသိရှိနိုင်စေမည် ဖြစ်ပါသည်။ (ဖော်ပြပါ ပန်းချီကားများသည် သက်တမ်းအလိုက် စီစဉ်ဖော်ပြထားခြင်း ဖြစ်ပါသည်။)
“နှင်းအကြား အံတု၍ပွင့်လန်းခြင်း”- Yan Youqiong
“ကူညီအားပေးခြင်း”- Luo Jiang
“နန်ရှန်းစိတ်ခွန်အား” - Sun Jiandong
“ကျေးရွာများတွင် ကူးစက်ရောဂါတိုက်ဖျက်ခြင်း”- He Kun
“အဖြူရောင်ဝတ်စုံ အိန်ဂျယ်များအား ဂုဏ်ပြုအလေးပြုခြင်း”- Li Chunhua
“နွေဦးပုံဖော်ခြင်း” – Du Jianmin
“ကာကွယ်စောင့်ရှောက်ခြင်း - လယ်စိုက်ချိန်မနှောင့်နှေးစေရန်” – Li Ping
“၂၀၂၀ခုနှစ်၊ ဝူဟန်မြို့ရှိ ခွဲစိတ်ခန်း”- Xiao Fan
“မိုးသောက်ချိန်” - Yang Xiaohua
“Mission!ဝူဟန်မြို့သို့”- Sun Tongliang
“တို့များအတူ”- Ye Xiaoxia
“အားလုံးအတူ ခက်ခဲသောအချိန်များအား ရင်ဆိုင်ကျော်လွှားခြင်း”- Xie Liqiang