စာပေအနုပညာဖြင့်ရောဂါကိုတွန်းလှန်တိုက်ဖျက်ခြင်း | “သစ္စာမြဲတည် တို့တိုင်းပြည်”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:24:51


facebook:Mingalanews


图片


မိုင်ပေါင်းများစွာ ကွာဝေးသော ရပ်ဝေးမြေများမှ  ကျန်းဟန့်(Jianghan)ဒေသသို့  လာရောက်၍ နွေးထွေးစွာ ကူညီဖေးမကြသည်ကို ရင်ထဲတွင် ထာဝစဉ် မှတ်ယူ သိမ်းဆည်းထားပါမည်။ လက်ရှိတွင် ကမ္ဘာနှင့်အဝှမ်း Covid-19 ကပ်ရောဂါဆိုးကြီး၏ ဝါးမျိုမှုကို ခံလာရ၍ Covid-19 ကပ်ရောဂါသည် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး အတူတကွ ပူးပေါင်း ရင်ဆိုင် ဖြေရှင်းကြရမည့် စိန်ခေါ်မှုကြီး တစ်ရပ် ဖြစ်လာခဲ့ပါသည်။ မကြာသေးမီအချိန်တွင် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ ကော်မတီ ပြန်ကြားရေးဦးစီးဌာနနှင့် ယူနန်ပြည်နယ် အသံလွှင့်နှင့် ရုပ်မြင်သံကြားဌာနတို့မှ Cai Xukun ၊ Tong Liya တို့နှင့် လက်တွဲ၍ Covid-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် “သစ္စာမြဲတည် တို့တိုင်းပြည်” တေးသီချင်းကို ရေးသားစပ်ဆိုခဲ့ပြီး Covid-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းတွင် ရှေ့တန်းထွက် တိုက်ပွဲဝင်နေကြသော သူရဲကောင်းများ အားလုံးအား ဂုဏ်ပြုအားပေး ခဲ့ပါသည်။ ချယ်ရီပန်းပင်လယ်အား ရှုငေးရင်း သူရဲကောင်းများအတွက် တေးသီချင်း စပ်ဆို ခဲ့ပါသည်။ သီချင်းတစ်ပုဒ်လုံးကို စည်းလုံးမှုနှင့် ရုန်းကန်မှု၊ ခံစားချက်ပီတိများနှင့် မျှော်လင့်ချက်များ၊ တာဝန်သိမှုနှင့် အားထုတ်ပေးဆပ်မှုများကို လှုံ့ဆော်သော ဂီတသံစဉ်များဖြင့် ဖန်တီးစပ်ဆိုထားပြီး တစ်ကမ္ဘာလုံးဆိုင်ရာ Covid-19ရောဂါ တိုက်ဖျက်ရေးအတွက် အားပေးကာ စိတ်ဓာတ်အားမာန် တက်ကြွစေ၍ စိတ်ဓာတ်ခွန်အားများ ပေးစွမ်းခဲ့ပါသည်။  


图片


တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ အေးအတူ၊ပူအမျှဖြင့် တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်း ကူညီဖေးမသွားရင်းဖြင့် ကျွန်ုပ်တို့သည် အခက်အခဲဟူသမျှကို ရင်ဆိုင်ကျော်ဖြတ်ကာ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ကိုသာ စွဲမြဲစွာ လက်ကိုင်ထားလျှင် နိုင်ငံတကာ Covid-19 ကာကွယ်တိုက်ဖျက်ရေး တိုက်ပွဲ၌ အပြီးသတ် အောင်မြင်မှုများ ရရှိနိုင်လိမ့်မည်ဟု ဧကန်မုချ ယုံကြည်ပါသည်။ 


图片