စာပေနှင့်အနုပညာ ကဏ္ဍများဖြင့် ကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်မည် တရုတ်ပေကျင်းအော်ပရာပြဇာတ်ဖြင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အားပေးကူညီမည်
ဤရုပ်သံကို Yunnan Peking Opera Theatre (ယူနန်ပြည်နယ် ပေကျင်းအော်ပရာ ပြဇာတ်ရုံ)မှ ပံ့ပိုးကူညီသည်။
Covid-19 ကပ်ရောဂါသည် တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့မှုဖြစ်ပွား နေသော အရေးကြီးသောအချိန်ကာလတွင် Yunnan Peking Opera Theatre (ယူနန်ပြည်နယ် ပေကျင်းအော်ပရာ ပြဇာတ်ရုံ) မှ ဝန်ထမ်းအားလုံးတို့သည် ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးအား တက်ကြွစွာကူညီအားပေးခြင်းကို ဖော်ပြနိုင်ရန်နှင့် ကပ်ရောဂါ ဘေးအန္တရာယ်ခံစားနေရသော နိုင်ငံအသီးသီးရှိပြည်သူများ အဆိုပါ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ယုံကြည်မှုတိုးပွားလာစေရန်အတွက် Yunnan Peking Opera Theatre (ယူနန်ပြည်နယ် ပေကျင်းအော်ပရာ ပြဇာတ်ရုံ)သည် အနုပညာလက်ရာဖြင့် ရှေ့သို့ကြိုးစားချီတက်နိုင်မည့်စွမ်းအားကို အပြည့်အဝလုပ်ဆောင် ကာ မော်စီတုန်း၏ကဗျာ “ကပ်ဆိုးနတ်ကို ပပျောက်အောင်ပြုလုပ်ခြင်း” ဟူသော ပေကျင်းသီချင်းရုပ်သံကို ဖန်တီးခြင်းဖြင့် ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ရှေ့တန်းမှ လုပ်ကိုင်ဆောင်ရွက်နေသော သူရဲကောင်းများကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ထောက်ခံအားပေးသော သီချင်းကို တီးခတ်ခဲ့သည်။
“ကပ်ဆိုးနတ်ကိုပပျောက်အောင်ပြုလုပ်ခြင်း”သည် မော်စီတုန်း၏ ကဗျာအမည်ဖြင့် ဖန်တီးထားသော ပေကျင်းအော်ပရာသီချင်း ဖြစ်ပြီး ကပ်ရောဂါကို တည်ငြိမ်စွာဖြတ်ကျော်နိုင်ရန်နှင့် ကပ်ရောဂါ တိုက်ဖျက်ရေး အောင်နိုင်ရန်အတွက် အကောင်းဆုံးစိတ်ဓာတ်ကို ဖော်ပြပေးခဲ့သည်။ ပြည်သူများအား ကပ်ရောဂါတိုက်ဖျက်ရေးတွင် အခက်အခဲနှင့် အတားအဆီးများကို ဖြတ်ကျော်နိုင်ရန်အတွက် အတိုင်းအဆမရှိသော အားအင်များကို ပေးနိုင်ခဲ့သည်။ ထိုသီချင်းကို ယူနန်ပြည်နယ် ပေကျင်းအော်ပရာပြဇာတ် အနုပညာရှင်များ ဖြစ်သည့် Hu Chun Hua ၊ Zhou Kai ၊ Zhu Fu နှင့် Wang Kan တို့ လေးဦးမှ သီဆိုပေးကြပြီး တေးရေး- Yu Hao Dong နှင့် Yu Zi Aao၊ တီးဝိုင်း- Sun Yi Chen ၊ တေးဂီတ- Yu Zi Ao၊ အသံဖမ်း အင်ဂျင်နီယာ- Fang Da နှင့် Yang Jiang Long ၊ Sound Mixer- Jiang Song Song တို့ဖြစ်ကြသည်။ ဤသီချင်းကို တရုတ်နိုင်ငံ၏ ကပ်ရောဂါ တိုက်ဖျက်ရေး ရုပ်ပုံများ၊ လက်ရာမြောက်သောနောက်ခံပုံရိပ်များဖြင့် တွဲဖက်ဖော်ပြထားသည်။ ရိုးရာပေကျင်းအော်ပရာပြဇာတ် အနုပညာ အပေါ် အခြေခံထားသည့် ပုံစံမှတစ်ဆင့် စည်းလုံးညီညွတ်မှုကို လက်ဆင့်ကမ်းမျှဝေကာ ခက်ခဲလှသော အချိန်များကို သူရဲကောင်း စိတ်ဓာတ်ဖြင့် အတူလက်တွဲကာ ရင်ဆိုင်ဖြေရှင်းနိုင်ပြီး ကပ်ရောဂါကို ကျော်လွှားနိုင်ရန်အတွက် ခိုင်မာသော ယုံကြည်မှုကို ပေးအပ်နိုင် ပေလိမ့်မည်။
အခက်အခဲများကို ရင်ဆိုင်ပြီး အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်ဖြင့် အတူတကွရိုင်းပင်းကူညီပြီး ဆက်လက်လုပ်ဆောင် ပါက ကပ်ရောဂါကို ရင်ဆိုင်တိုက်ဖျက်နိုင်ပြီး တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားခြင်း၊ နည်းပညာအကူအညီဖြင့် ကာကွယ် ကုသခြင်း၊ မူဝါဒလမ်းညွှန်ချက်များကို လိုက်နာခြင်းတို့ကို ပြုလုပ်မည်ဆိုလျှင် ဤကမ္ဘာ့ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးတွင် အဖက်ဖက်မှ အနိုင်ယူအောင်မြင်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။