ပြောင်မြောက်လှသော ထမ်ခါလက်ရာများ၏ အွန်လိုင်းပုံရိပ်ယောင်ပြပွဲ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:26:46

图片


လွန်ခဲ့သော နှစ်ပေါင်း၁၃ဝဝကျော် ဝန်းကျင်တွင် 


လူသားများသည် အရေးကြီးသော သတင်းအချက်အလက်များကို ထိန်းသိမ်းဖြန့်ဖြူးနိုင်ရန်အတွက်


သူတို့သည် ရောင်စုံခြယ် သတ္တုပစ္စည်းများကို ရိုးရာယဉ်ကျေးမှု၊ ဗိသုကာနှင့် ဆေးပညာဆိုင်ရာ အကြောင်းအရာများအားသယ်ဆောင်ရလွယ်ကူသည့် ပစ္စည်းပေါ်တွင် ရေးဆွဲကြသည်။


ဤနည်းဖြင့် “ထမ်ခါ”ပန်းချီကားတစ်ချပ် ဖြစ်ပေါ်လာသည်။


图片

图片


ယနေ့ခေတ်တွင်“ထမ်ခါ”ကို တိဘတ်စာပေယဉ်ကျေးမှု၏ စွယ်စုံကျမ်းအဖြစ် တင်စားခေါ်ဝေါ်ကြသည်။


သဘာဝသတ္တုများဖြင့်  အရောင်ခြယ်ခြင်း၊ ရုက္ခပင်များဖြင့် ဆေးဆိုးခြင်းတို့သည် “ထမ်ခါ”ကို တာရှည်ခံသစ်လွင်စေခြင်း၏ အကြောင်းရင်းများပင် ဖြစ်သည်။ 


ရွှေ၊ ကြည်ပြာရောင်ကျောက်နှင့် သန္တာကျောက် အစရှိသော တန်ဖိုးကြီးကျောက်မျက်တို့၏ အရောင်များနှင့် သဘာဝပန်းပင်များဖြစ်သော ဆူးပန်းနှင့် ကုံကုမံပန်း အစရှိသည့် ပန်းများ၏အရောင်နှင့် ပေါင်းစပ်ကာ ဆေးရောင်ခြယ်ထားသောကြောင့်


နှစ်ရာပေါင်းများစွာ ဖြတ်ကျော်လာခဲ့သော ရှေး“ထမ်ခါ”သည် နှစ်လိုဖွယ်အရောင်များဖြင့် တောက်ပနေဆဲပင် ဖြစ်သည်။


图片

图片


“ထမ်ခါ”ပန်းချီသည် အရောင်သတ်မှတ်ချက် တင်းကျပ်ရုံသာမက


ပန်းချီရေးဆွဲသည့် လုပ်ထုံးလုပ်နည်းများမှာလည်း အလွန်ရှုပ်ထွေး၍ လက်ဝင်လှပါသည်။


ပန်းချီရေးဆွဲသော ပိတ်သားမှအစ ပုံကြမ်းချခြင်း၊ အရာင်လွင့်ပြယ်ခြယ်ဆွဲခြင်း၊ 


ရွှေလိုင်းရိပ်ချခြင်း၊ ရွှေအရောင်တင်ခြင်း၊ မျက်နှာရေးဆွဲခြင်း၊ ပန်းချီကားချုပ်လုပ်တပ်ဆင်ခြင်း အစရှိသည့် လုပ်ငန်းစဉ်များကို


တစ်ဆင့်ချင်းစီတိုင်း သေသပ်သပ်ရပ်အောင် ပြုလုပ်ရပါသည်။


图片

图片


“ထမ်ခါ”၏ ပုံပန်းသဏ္ဍာန်မှာ အမျိုးမျိုးစုံလင်ကွဲပြားသည်။


အပ်တစ်ချောင်း၊ ချည်တစ်ချောင်းဖြင့် ထိုးထားသော ချည်ထိုး“ထမ်ခါ”၊


ပိုးပိတ်စငယ်များကို တွဲဆက်ရောထပ်ပြီး ထိုးထားသော ပုံထိုး“ထမ်ခါ”၊ 


သဘာဝသတ္တုရောင်စုံခြယ်၍ ရေးဆွဲထားသော ပုံဆွဲ“ထမ်ခါ”၊


ပုလဲလုံးငယ်များဖြင့် သီကုံးထားသော ပုလဲ“ထမ်ခါ” ၊


တိရစ္ဆာန်အရေခွံပေါ် သို့မဟုတ် သစ်သားပြားပေါ်တွင် ရေးဆွဲထားသော ပန်းချီများ စသဖြင့် အမျိုးစုံလင်လှပါသည်။ 


图片

图片

图片


ထိုပန်းချီကားများထဲတွင် ပိတ်”ထမ်ခါ”ပန်းချီကားကို အများဆုံး တွေ့ဖူးကြလိမ့်မည်။


“ထမ်ခါ” ကို ခမ်းနားသော သမိုင်းတစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ပါသည်။


ကျန်းမာရေးအတွက် အဆောင်လက်ဖွဲ့အနေဖြင့် ကိုယ်မှာ ဆောင်ထား၍ရသလို


၎င်းသည် ကမ္ဘာလူသားမျိုးနွယ်ယဉ်ကျေးမှု၏ အထွတ်အမြတ်ထားရှိသော 

အနုပညာရတနာတစ်ပါးပင် ဖြစ်သည်။


၎င်းသည် သက်ဝင်လှုပ်ရှားနေသော  နံရံဆေးရေးပန်းချီနှင့် ပန်းချီစာအုပ်ဖြစ်သည်။


၎င်းသည် တန်ဖိုးကြီးအရာများဖြင့် အချိန်ပေးပြုလုပ်ထားသော အလှပဆုံးအရာဖြစ်သည်။


စုတ်ချက်တစ်ချက်ချင်းစီတိုင်းသည် ပန်းချီဆရာ၏ စိတ်ထားနှိမ့်ချမှုကို သရုပ်ဖော်ပြသနေသည်။


လိုင်းစင်းတိုင်းကို စကေးဖြင့် သေချာကျနစွာ တိုင်းတာပြီး ရေးဆွဲထားခြင်းဖြစ်သည်။


ပန်းချီကားပေါ်ရှိ အကွက်တိုင်းသည် ခေတ်အဆက်ဆက်မှ ဆရာသမားတို့၏ စိတ်နေသဘောထားကို ပေါ်လွင်အောင် ရေးဆွဲထားခြင်းဖြစ်သည်။


ပန်းချီကားချပ်တိုင်းတွင် ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုစံနမူနာများကို စုစည်းရေးဆွဲထားသည်။


တန်ဖိုးကြီး အနုပညာလက်ရာအဖြစ်လည်း ဆောင်ထားနိုင်ပါသည်။ 


အံ့ဩချီးမွမ်းဖွယ် ကောင်းသည့်အပြင် လူတိုင်းရဲ့စိတ်ကိုလည်း တည်ငြိမ်အေးချမ်းစေပါသည်။


ထာဝရအလှသည် ကျက်သရေမင်္ဂလာရှိသော တွေ့ဆုံမှုပင်ဖြစ်သည်။

图片

↑↑↑ 

QR code ကို နှိပ်ပြီး Online Celebration သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။