စာပေအနုပညာဖြင့် ရောဂါကိုတွန်းလှန်တိုက်ဖျက်ခြင်း - “တစ်မိုးတည်းအောက်” တေးဂီတသံစဉ်ဖြင့် ကပ်ရောဂါကို အတူတကွ တွန်းလှန်တိုက်ဖျက်မည့် ပြင်းပြသော စိတ်ဓာတ်အားမာန်ကို ဖော်ကျူးခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:27:53


ဤဗီဒီယိုနှင့် ဓာတ်ပုံများကို 12 Girls Band မှ ကူညီပံ့ပိုးပေးထားခြင်း ဖြစ်ပါသည်။


တောတောင်ရေမြေ တည်ရှိရာနယ်မြေများ ခြားနားသော်လည်း မိုးကောင်းကင်တစ်ခုတည်း အောက်တွင်သာ တည်ရှိလေ၏။ ယခုတလောတွင် 12 Girls Band မှ “တစ်မိုးတည်းအောက်” တေးဂီတသံစဉ်ကို စီစဉ်ဖန်တီးပြုလုပ်၍ တစ်ကမ္ဘာလုံးဆိုင်ရာ Covid-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အားပေးခဲ့ပါသည်။


图片


ဤတေးဂီတသံစဉ်ကို 12 Girls Band အဖွဲ့ခေါင်းဆောင်ဖြစ်သော  တရုတ်ရိုးရာမယ်ဒလင်(Pipa) တီးခတ်ပညာရှင် Ms.Shi Juan မှ စီစဉ်ဆောင်ရွက်ပြီး ဗဟိုတရုတ်တိုင်းရင်းသား အဆိုအကအစည်းအရုံး (China Ethnic Song & Dance Ensemble) ၏ လူငယ်တေးရေးပညာရှင် Mr.Liu Yeမှ တေးသွားသံစဉ် ရေးစပ်ကာ Ms.Shi Juanမှ ဦးဆောင်၍ 12 Girls Band အဖွဲ့သားများနှင့်အတူ ခံစားချက်အပြည့်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။


图片


၎င်းတေးဂီတသံစဉ်သည် ပန်းချီကားတစ်လိပ် ဖြည်းဖြည်းချင်း ပွင့်လာသကဲ့သို့ တေးသွားသံစဉ်ဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်မှ အဖြစ်အပျက် တစ်ခုချင်းစီကို အသေးစိတ် ဖော်ကျူးထားပါသည်။ ဖြည်းဖြည်းဆေးဆေးနှင့် တစ်ဆင့်ချင်း အားမာန် တက်ကြွထက်သန်လာကာ အရှိန်အဟုန်ပြင်းစွာဖြင့် မိုးမြင့်တိမ်ယံ ဝေဟင်ထက်ဆီသို့ တစ်ဟုန်ထိုး ပြေးတက်သွားသယောင်နှင့် နောက်ဆုံးတွင် ငြိမ်သက်သည့် အခြေအနေသို့ ယိမ်းညွှတ်လာပြီး မိုးလေဆဲသွားအပြီးတွင် သက်တန့်မြင်တွေ့ရသကဲ့သို့ပင် တေးသီချင်းတစ်ပုဒ်လုံးသည် ဩဇာအင်အားကြီးမား၍ သက်တန့်ရောင်စဉ်ပမာ ခံ့ညားထည်ဝါလှပြီး ကမ္ဘာသူကမ္ဘာသားများသည် အကျိုးတူ အသိုက်အဝန်း တစ်ခုဖြစ်၍ အားလုံးအတူ စိတ်ချင်းဆက် လက်ချင်းယှက်ကာ အချင်းချင်း အပြန်အလှန် ဖေးမကူညီ ထောက်ခံအားပေးရင်း ကပ်ရောဂါကို အတူတကွ တွန်းလှန်တိုက်ဖျက်မည့် ပြင်းပြသော စိတ်ဓာတ်အားမာန်ကို ဖော်ကျူးတင်ပြထားပါသည်။