စာပေအနုပညာဖြင့် ရောဂါကို တွန်းလှန်တိုက်ဖျက်ခြင်း - “အနီးဆုံးဒို့တွေ လက်တွဲကာ” ရောဂါတွန်းလှန်တိုက်ဖျက်ရေးသီချင်းဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများ၏ နှလုံးသားချင်း နီးစပ်သော “ပေါက်ဖော်” သံယောဇဉ်ကို သီဆိုဖော်ကျူးခြင်း
ဤဗီဒီယိုအား တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ ကော်မတီ ပြန်ကြားရေးဦးစီးဌာနမှ ကူညီပံ့ပိုးပေးထားခြင်း ဖြစ်ပါသည်။
တရုတ်နိုင်ငံ၌ Covid-19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားသည့်အချိန်တွင် မြန်မာနိုင်ငံအစိုးရနှင့် လူမှုအဖွဲ့အစည်းအသီးသီးတို့သည် တရုတ်နိုင်ငံ၏ ရောဂါတွန်းလှန်တိုက်ဖျက်ရေးအတွက် အားသွန်ခွန်စိုက် ထောက်ခံအားပေးကာ တောက်လျှောက် အကူအညီများ ထောက်ပံ့ပေးခဲ့ကြသကဲ့သို့ မြန်မာနိုင်ငံတွင် Covid-19 အဆုတ်ရောင်ရောဂါပိုး စတင်တွေ့ရှိချိန်၌လည်း တရုတ်နိုင်ငံအစိုးရနှင့် နယ်ပယ်အသီးသီးရှိ လူမှုအဖွဲ့အစည်းများမှလည်း ပထမဆုံးအချိန်တွင်ပင် မြန်မာနိုင်ငံသို့ အပြေးအလွှား လာရောက်ကူညီပေးကြသောကြောင့် တရုတ်-မြန်မာ “ပေါက်ဖော်”ချစ်ကြည်ရေးနှင့် အေးအတူ ပူအမျှ အကျိုးတူ အသိုက်အဝန်းစိတ်ဓာတ်ကို လက်တွေ့ ထင်ဟပ်ဖော်ပြနိုင်ခဲ့ပါသည်။
ယခုလတ်တလောတွင် တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ ကော်မတီ ပြန်ကြားရေးဦးစီးဌာနမှ “အနီးဆုံးဒို့တွေ လက်တွဲကာ” ရောဂါတွန်းလှန်တိုက်ဖျက်ရေး တေးသီချင်းကို စီစဉ် ဖန်တီးပြုလုပ်ခဲ့ပါသည်။ ၎င်းတေးသီချင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများ လက်ချင်းတွဲယှက်ကာ ရှေ့သို့လှမ်းချီ၍ အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်လွှားမည့် စစ်မှန်သော ခံစားချက်များကို သရုပ်ဖော်တင်ပြထားပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ၏ တစ်စိတ်တည်း တစ်ဝမ်းတည်းဖြစ်သော အပေါင်းအဖော် ညီနောင်ရင်း သံယောဇဉ်ကို ထင်ရှားပေါ်လွင်စေပါသည်။ ဤတေးသီချင်းကို Duan Jianhong နှင့် Zhu Gang မှ သီချင်းစာသား ရေးသားပြီး Zhu Gang မှ သံစဉ်ရေးစပ်ကာ Zhu Gang၊ Duan Jianhong၊ ဖာဆီး(မြန်မာ)နှင့် နှင်းနှင်းကြည်(မြန်မာ) စသည့် တရုတ်၊မြန်မာတေးသံရှင် လေးဦးတို့မှ ခံစားချက်အပြည့်ဖြင့် သီဆိုခဲ့ကြပြီး တစ်လှေတည်းစီး တစ်ခရီးတည်းသွားသည့် နှလုံးသားချင်း နီးစပ်ပုံများနှင့် ဒုက္ခ၊သုခဟူသမျှကို အတူမျှဝေခံစားမည့် “ပေါက်ဖော်” သံယောဇဉ်ကို ပေါ်လွင်အောင် သီဆိုထားပါသည်။