စာပေအနုပညာဖြင့် ရောဂါကို တွန်းလှန်တိုက်ဖျက်ခြင်း - မင်စုတ်တံစစ်ဝတ်စုံ ဆင်ကာမြန်းလို့ ပန်းချီအနုပညာတာဝန် တို့ထမ်းရွက်စို့ (အပိုင်း-၄)
ယခုရက်ပိုင်းတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယူနန်ပြည်နယ် ပန်းချီအနုပညာ အကယ်ဒမီနှင့် အတူတကွ လက်တွဲပူးပေါင်း၍ ပန်းချီအနုပညာရှင်တို့၏ တတ်ကျွမ်းပိုင်နိုင်သည့် အသက်မွေးဝမ်းကြောင်းပြု ပညာရပ် အားသာချက်များကို အပြည့်အဝ အသုံးချစေပြီး အားတက်နွေးထွေးစေသော ကပ်ရောဂါကာကွယ်တိုက်ဖျက်ခြင်းဆိုင်ရာ ပန်းချီအနုပညာလက်ရာပေါင်း ထောင်ကျော်ကို ဖန်တီးရေးဆွဲကာ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် အားဖြည့်စွမ်းဆောင်ခဲ့ခြင်းဖြင့် အားတက်သရော ပါဝင်လှုပ်ရှားခဲ့ပါသည်။ ထိုအနုပညာလက်ရာများသည် မြင်တွေ့နေကျ လူနေမှုဘဝပုံစံများ၊ ကူးစက်ရောဂါ ကျရောက်နေသည့် အခြေအနေအောက်ရှိ တရုတ်နိုင်ငံ ပြည်သူများ၊ စံပြုလောက်သော ဖြစ်ရပ်မှန် အဖြစ်အပျက်များကို တေးသီချင်းများ ရေးစပ်သီဆို၍ ချီးမွမ်းဂုဏ်ပြု အားပေးခြင်း၊ မေတ္တာတရားများ ပွားများခြင်း၊ အကများဖြင့် ပြည်သူများ စိတ်ဓါတ် တက်ကြွစေရန် အားပေးခြင်းများကို အဓိက ဦးတည်၍ အလေးပေး ပုံဖော်ထားပါသည်။ ထိုအနုပညာလက်ရာများသည် အရောင်အသွေးစုံလင်ကာ အမျိုးအစား များစွာရှိပြီး တရုတ်စာမင်စုတ်ချက်လက်ရေးလှ၊ တရုတ်ရိုးရာပန်းချီ၊ ဆီဆေးပန်းချီ၊ သစ်ထွင်းပန်းချီ၊ ရေဆေးပန်းချီ၊ ကလေးရုပ်ပြပန်းချီ အစရှိသဖြင့် ပါဝင်ပါသည်။ ယခုတစ်ပတ်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ သစ်ထွင်းပန်းချီ၊ ရေဆေးနှင့်ရေဆေးမှုန့်ပန်းချီ၊ ပေါင်းစပ်ပန်းချီ (Mixed Media Art) နှင့် ကလေးရုပ်ပြပန်းချီ အစရှိသည့် ပန်းချီ အမျိုးအစားများဖြစ်သည့် ပန်းချီကား (၁၀) ချပ်ကို ရွေးချယ်ပြီး စင်တာ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြတင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ အင်တာနက်အသုံးပြုသူ မိတ်ဆွေအပေါင်းတို့အား ထိုအသက်ဝင်၍ သဏ္ဌာန်ပီပြင်လှသော ပန်းချီကားများကို ခံစားကြည့်ရှုစေခြင်းမှတစ်ဆင့် တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို မျှဝေပေးကာ တရုတ်နိုင်ငံ၏ စွမ်းဆောင်နိုင်မှုအင်အားနှင့် မေတ္တာများကို လေ့လာသိရှိနိုင်စေမည် ဖြစ်ပါသည်။ (ဖော်ပြပါ ပန်းချီကားများသည် သက်တမ်းအလိုက် စီစဉ်ဖော်ပြထားခြင်း ဖြစ်ပါသည်။)
“လင်းနို့သတ္တဝါ၊ ရောဂါပိုးသယ်ဆောင်လာ” သစ်ထွင်းပန်းချီ - Li Ju
“ကပ်ဘေးဒုက္ခများ ကျရောက်ခြင်း၏ အကြောင်းမှာ မကောင်းမှုအကုသိုလ်များ စုပုံလာခြင်းကြောင့် ဖြစ်သည်” သစ်ထွင်းပန်းချီ - Li Ju
“အပျော်လွန်လျှင် ဝမ်းနည်းစရာအကြောင်း ဖန်လာတတ်၏” သစ်ထွင်းပန်းချီ - Li Ju
“Zhong Nanshan နှင့် သူ၏အဖွဲ့သားများ” ပရိုပိုလင်း (Propylene) - Hong Haochang
“ကာကွယ်တားဆီးထိန်းချုပ်ခြင်း” ရေဆေးပန်းချီ - Wu Wanxi
“ညဘက်ကောင်းကင်ယံ၌ အထွန်းတောက်ဆုံးသော ကြယ်ပွင့်” ရေဆေးမှုန့်ပန်းချီ - Ma Changqing
“စည်းလုံးခြင်းအင်အားဖြင့် ကပ်ရောဂါကို တွန်းလှန်တိုက်ဖျက်ကြမည်” ပေါင်းစပ်ပန်းချီ (Mixed Media Art) - Man Jianghong
“သင်သာရှိလျှင် မုချအောင်နိုင်မည်” ပေါင်းစပ်ပန်းချီ (Mixed Media Art) - Wang Xinman
“ကပ်ရောဂါတွန်းလှန်တိုက်ဖျက်သူများ မဟာမိတ်အသင်း” ကလေးရုပ်ပြပန်းချီ - Li Jiale
“ရောဂါပိုးကို တွန်းလှန်တိုက်ဖျက်ခြင်း” ကလေးရုပ်ပြပန်းချီ - Zhang Haoxiang