စာပေအနုပညာဖြင့် ရောဂါကို တွန်းလှန်တိုက်ဖျက်ခြင်း - မင်စုတ်တံစစ်ဝတ်စုံ ဆင်ကာမြန်းလို့ ပန်းချီအနုပညာတာဝန် တို့ထမ်းရွက်စို့ (အပိုင်း-၅)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:38:43

ယခုရက်ပိုင်းတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယူနန်ပြည်နယ် ပန်းချီအနုပညာ အကယ်ဒမီနှင့် အတူတကွ လက်တွဲပူးပေါင်း၍ ပန်းချီအနုပညာရှင်တို့၏ တတ်ကျွမ်းပိုင်နိုင်သည့် အသက်မွေးဝမ်းကြောင်းပြု ပညာရပ် အားသာချက်များကို အပြည့်အဝ အသုံးချစေပြီး  အားတက်နွေးထွေးစေသော ကပ်ရောဂါကာကွယ်တိုက်ဖျက်ခြင်းဆိုင်ရာ ပန်းချီအနုပညာလက်ရာပေါင်း ထောင်ကျော်ကို ဖန်တီးရေးဆွဲကာ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် အားဖြည့်စွမ်းဆောင်ခဲ့ခြင်းဖြင့် အားတက်သရော ပါဝင်လှုပ်ရှားခဲ့ပါသည်။ ထိုအနုပညာလက်ရာများသည် မြင်တွေ့နေကျ လူနေမှုဘဝပုံစံများ၊ ကူးစက်ရောဂါ ကျရောက်နေသည့် အခြေအနေအောက်ရှိ တရုတ်နိုင်ငံ ပြည်သူများ၊  စံပြုလောက်သော  ဖြစ်ရပ်မှန် အဖြစ်အပျက်များကို တေးသီချင်းများ ရေးစပ်သီဆို၍ ချီးမွမ်းဂုဏ်ပြု အားပေးခြင်း၊ မေတ္တာတရားများ ပွားများခြင်း၊ အကများဖြင့် ပြည်သူများ စိတ်ဓါတ် တက်ကြွစေရန် အားပေးခြင်းများကို အဓိက ဦးတည်၍ အလေးပေး ပုံဖော်ထားပါသည်။ ထိုအနုပညာလက်ရာများသည် အရောင်အသွေးစုံလင်ကာ အမျိုးအစား များစွာရှိပြီး တရုတ်စာမင်စုတ်ချက်လက်ရေးလှ၊ တရုတ်ရိုးရာပန်းချီ၊ ဆီဆေးပန်းချီ၊ သစ်ထွင်းပန်းချီ၊ ရေဆေးပန်းချီ၊ ကလေးရုပ်ပြပန်းချီ အစရှိသဖြင့် ပါဝင်ပါသည်။ ယခုတစ်ပတ်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ တရုတ်ရိုးရာပန်းချီကားချပ် (၁၂) ချပ်ကို ရွေးချယ်ပြီး စင်တာ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြတင်ဆက်ပေးသွားမည်  ဖြစ်ပါသည်။ အင်တာနက်အသုံးပြုသူ မိတ်ဆွေအပေါင်းတို့အား ထိုအသက်ဝင်၍ သဏ္ဌာန်ပီပြင်လှသော ပန်းချီကားများကို ခံစားကြည့်ရှုစေခြင်းမှတစ်ဆင့် တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို မျှဝေပေးကာ တရုတ်နိုင်ငံ၏ စွမ်းဆောင်နိုင်မှုအင်အားနှင့် မေတ္တာများကို လေ့လာသိရှိနိုင်စေမည် ဖြစ်ပါသည်။  (ဖော်ပြပါ ပန်းချီကားများသည် သက်တမ်းအလိုက် စီစဉ်ဖော်ပြထားခြင်း ဖြစ်ပါသည်။)


图片

“ဆန်တက်သူ” – Luo Jiang


图片

“ကျွန်ုပ်တို့ တိုက်ပွဲတစ်ပွဲတိုက်နေစဉ်” – He Kun

 

图片

“အိန်ဂျယ်များကို အလေးပြုခြင်း” – Huang Qingming

 

图片

“အိန်ဂျယ်များကို အလေးပြုခြင်း၊ စိန်ခေါ်စာ” – Huang Qingming

 

图片

“တော်ဝင်ပညာရှင် Li Lanjuan ၏ ပုံတူရုပ်ပုံ” – Shao Peide

 

图片

“Lei Shen Shan ဆေးရုံအတွက် အထူးတာဝန်ထမ်းဆောင်သူများ” – Shao Peide

 

图片

“၂၀၂၀ ခုနှစ်၏ နွေဦး” လေးပုံစုစည်းမှု - Li Ping

 

图片

“ပိုးသတ်အဖွဲ့၏ တိုက်ပွဲ” – Yang Zhengguo

 

图片

“၂၀၂၀ခုနှစ် ဝူဟန်၊ ယူနန်မှ စေတနာ့ဝန်ထမ်းများ” – Xiao Fan


图片

“ဝူဟန်မြို့တွင် ကူးစက်ရောဂါအခြေအနေကြောင့် လာရောက်သူများကို တားမြစ်ထားသည့်အချိန်တွင် ရောင်စုံယူနန်မြေမှ အိမ်ကဲ့သို့ နွေးထွေးမှုပေးခြင်း” – Wang Hang

 

图片

“တောင်ပေါ်ရှိ တိုင်းပြည်အတွက်အနစ်နာခံပေးသည့် သူများအတွက် လူများမှ တစ်စိတ်တစ်ဝမ်းတည်းဖြင့် ကပ်ရောဂါကို တိုက်ဖျက်ခြင်း” – Wang Qiuyan

 

图片

“ကာကွယ်စောင့်ရှောက်ပေးသူ” – Dong Xueying