Cloud ရသခံစားမှု - “စမ်းချောင်းငယ်တွင် စီးမျှောနေသော ဝိုင်ခွက်ကို သောက်သည့် ဓလေ့ထုံးတမ်း” တရုတ်ဗျပ်စောင်းတေးဂီတ၏ အတုမရှိသော ခံ့ညားထည်ဝါမှု
၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် တရုတ်နိုင်ငံ Jiangsuပြည်နယ်မှ Moyu တရုတ်ဗျပ်စောင်းတေးဂီတအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်၍ “၂၀၂၀ ပြည့်နှစ် တရုတ်ဗျပ်စောင်း နှစ်သစ်ကူးဂီတပွဲတော်”ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါသည်။ ထိုကဲ့သို့ ခမ်းနားထည်ဝါလှသည့် ဖျော်ဖြေတင်ဆက်မှုများသည် မြန်မာနိုင်ငံမှ ပရိတ်သတ်အပေါင်းတို့၏ နှစ်သက်ကြိုဆိုမှုကို ခံခဲ့ရပါသည်။ ယနေ့မှာတော့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ အထူးစီစဉ်တင်ဆက်သည့် “စမ်းချောင်းငယ်တွင် စီးမျှောနေသော ဝိုင်ခွက်ကို သောက်သည့် ဓလေ့ထုံးတမ်း” တရုတ်ဗျပ်စောင်းတေးဂီတကို တင်ဆက်ပေးလိုက်ပြီး ပရိတ်သတ်အပေါင်းတို့ကို တရုတ်ရိုးရာယဉ်ကျေးမှုနှင့် ရှေးရိုးဂီတတူရိယာတို့၏ တမူထူးခြားသော ဆွဲဆောင်မှုတို့ကို ပိုမိုခံစားသက်ဝင်နိုင်စေရန် ဖြစ်ပါသည်။
“စမ်းချောင်းငယ်တွင် စီးမျှောနေသော ဝိုင်ခွက်ကို သောက်သည့် ဓလေ့ထုံးတမ်း” တေးဂီတသည် Nanjing အနုပညာကောလိပ်မှ တွဲဖက်ပါမောက္ခ Ren Jie နှင့် Moyu တရုတ်ဗျပ်စောင်းတေးဂီတအဖွဲ့တို့ ဖန်တီးပြုလုပ်သည့် “တရုတ်ဗျပ်စောင်းဖြင့် ဇာတ်ကြောင်း ပြန်လည်ပြောဆိုခြင်း” တရုတ်ဗျပ်စောင်း တေးဂီတသဘင်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စမ်းချောင်းငယ်တွင် စီးမျှောနေသော ဝိုင်ခွက်ကို သောက်သည့် ဓလေ့ထုံးတမ်း၊ ဝိုင်သောက်ရင်း ကဗျာစပ်ဆိုခြင်းစသည့် နာမည်ကျော် သမိုင်းကြောင်းများကို ဇာတ်ကြောင်းပြန်ထားခြင်းဖြစ်ပါသည်။ Lan အဆောက်အဦးတွင် ပညာရှင်များ စုဝေးတွေ့ဆုံခြင်းသည် Wei-Jin ခေတ် အချိန်အခါ၌ အခန့်ညားဆုံး စုဝေးတွေ့ဆုံပွဲတစ်ခုဖြစ်ပြီး ထိုတွေ့ဆုံပွဲ စီစဉ်သူမှာ ဗိုလ်မှူးကြီးဖြစ်သည့် လက်ရေးလှပညာရှင် Wang Xizhi ဖြစ်ပါသည်။ စုဝေးတွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ကျော်ကြားသည့် ဧည့်ပရိတ်သတ်အပေါင်းတို့သည် ကွေ့ကောက်နေသောစမ်းချောင်းငယ်၏ တစ်ဖက်တစ်ချက်တွင် ထိုင်ကြပြီး ကောင်းမွန်ညက်ညောသောဝိုင်ထည့်ထားသည့်ခွက်ကို ရေထဲသို့ထည့်၍ ထိုခွက်ကိုရေပေါ်တွင်မျောစေကာ ခွက်ကမ်းကပ်သွားသည့်နေရာတွင် ထိုင်နေသောသူကို သောက်စေပြီး ထိုသူသည် ကဗျာတစ်ပုဒ်စပ်ဆိုရသည်။ ထို စုဝေးတွေ့ဆုံပွဲတွင် ရေးသားပြီးစီးသော ကဗျာ ၃၇ ပုဒ်ကို “Lan အဆောက်အဦးစုစည်းမှု” ကဗျာအစုအဖြစ် စုစည်းရေးသားလိုက်သည်။ Wang Xizhi သည် ဝိုင်သောက်၍ ရွှင်လန်းနေသည့်အချိန်ကို အခွင့်ကောင်းယူ၍ အလျင်အမြန်အစချီကာ ခမ်းနားထည်ဝါပြီး ထူးချွန်ပြောင်မြောက်လှသော “Lan အဆောက်အဦးတွင် စပ်ဆိုသော ကဗျာအစု၏ နိဒါန်း”ကို ရေးသားခဲ့ပြီး နာမည်ကျော် သမိုင်းကြောင်းမှတ်တမ်းများကို ချန်ရစ်ခဲ့ပါသည်။