တွဲလက်မြဲခိုင် နှစ် ၇၀ တိုင်၊ တူညီခေါင်းစဉ် ပေါက်ဖော်သံယောဇဉ် တရုတ်-မြန်မာချစ်ကြည်ရေးဓာတ်ပုံပြပွဲ အပိုင်း-၁

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:35:44

图片


မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် တောတောင်ရေမြေချင်းထိစပ်လျက်ရှိပြီး ရှေးယခင်ကတည်းက နှစ်နိုင်ငံပြည်သူချင်း ချစ်ခင်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုကို ထိန်းသိမ်းစောင့်ရှောက်ကာ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည့် ခေတ်အဆက်ဆက် ခင်မင်ရင်းနှီးလာခဲ့ကြသော “ပေါက်ဖော်ညီအစ်ကိုများ” ဖြစ်ကြပါသည်။ ၁၉၅၀ ခုနှစ် တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေးသည် တည်ငြိမ်စွာ တိုးတက်လာခဲ့ရာ နယ်ပယ်အသီးသီး၌  ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများတွင် ရလဒ်ကောင်းများ ရရှိခဲ့ပါသည်။ အထူးသဖြင့် ရာစုနှစ်အသစ်သို့ စတင်ဝင်ရောက်လာချိန်တွင် နှစ်နိုင်ငံခေါင်းဆောင်များကြား ချစ်ခင်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းကာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနည်းပညာ စသည့်နယ်ပယ်များ၌ ချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံတွန်းအားပေးလုပ်ဆောင်ရင်း နှစ်နိုင်ငံပြည်သူများ၏ ရိုးရာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို စဉ်ဆက်မပြတ် ထွန်းလင်းတောက်ပအောင် ဖော်ဆောင်လျက်ရှိပါသည်။ 


တရုတ်-မြန်မာသံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယမှာ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ တက်ဟုန်းပြည်နယ်ခွဲ ပြန်ကြားရေးဌာနနှင့်အတူ ပူးပေါင်းကာ တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများ၏ ပေါက်ဖော်သံယောဇဉ်ကို ထင်ဟပ်စေမည့်  “တွဲလက်မြဲခိုင် နှစ် ၇၀ တိုင်၊ တူညီခေါင်းစဉ် ပေါက်ဖော်သံယောဇဉ်” တရုတ်-မြန်မာဓာတ်ပုံပြပွဲကြီးကို အွန်လိုင်းပေါ်မှတစ်ဆင့်  စီစဉ်တင်ဆက်လိုက်ပါသည်။


图片


၁၉၅၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ် ချုအင်လိုင်းမှ မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးဘဆွေနှင့်အတူ တရုတ်နိုင်ငံ ဝမ်တင်း(Wanding)တံတားမှ ခြေလျင်ဖြတ်လျှောက်ကာ တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲအတွင်း ကျင်းပသည့် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ပြည်သူများ ပျော်ပွဲရွှင်ပွဲသို့ တက်ရောက်လာကြစဉ်။  


图片


၁၉၈၈ ခုနှစ်၊ တရုတ်နိုင်ငံ ဂျယ်ခေါင်တံတားမဆောက်လုပ်ခင်  တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ပြည်သူများမှ စက်လှေဖြင့် ကူးလူးသွားလာကြစဉ်။

 

图片


၁၉၉၂ ခုနှစ်၊ တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၌ ပထမဆုံးသော သံတိုင်တံတားဖြစ်လာခဲ့သည့် တရုတ်နိုင်ငံဂျယ်ခေါင်တံတား။ 


图片


၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့၊ တရုတ်-မြန်မာနှစ်နိုင်ငံအကြား နိုင်ငံနယ်စပ်ကျော်ဖြတ်၍ တရုတ်ယွမ်‌ငွေဖြင့်  ငွေကြေးပေးချေ ရှင်းလင်းနိုင်မှု သဘောတူညီချက် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနား။


图片


၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့၊ တရုတ်နိုင်ငံတက်ဟုန်းပြည်နယ်ခွဲ ဂျယ်ခေါင်မြို့ နယ်စပ်ဂိတ်တွင် ကျင်းပသော တရုတ်-မြန်မာ ဆေးကုသမှုဆိုင်ရာ စက်ပစ္စည်းကိရိယာများ လှူဒါန်းပေးအပ်ပွဲအခမ်းအနား။


图片


၂၀၁၈ ခုနှစ် မေလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ  တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ မန်စီမြို့တွင် အောင်မြင်စွာကျင်းပခဲ့သော ဒုတိယအကြိမ် တရုတ်-မြန်မာပညာရှင်အဖွဲ့အဆင့်မြင့်ဖိုရမ်။

 

图片


၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့၊ တရုတ်နိုင်ငံတက်ဟုန်းပြည်နယ်ခွဲ ရွှေလီမြို့တွင် ကျင်းပခဲ့သော တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) ၏ ၁၄ ကြိမ်မြောက် အတည်ပြုအစည်းအဝေး။

 

图片


စည်ကားလျက်ရှိသည့် တရုတ်နိုင်ငံ ရွှေလီဝမ်တင်းရှိ လယ်ယာလုပ်ငန်းနှင့် အခြားဆက်စပ်လုပ်ငန်း ထုတ်ကုန်ပစ္စည်းများ အွန်လိုင်းဖြန့်ဖြူးရောင်းချရေးစင်တာ။

 

图片


နိုင်ငံကျော်ဖြတ်၊ ကမ္ဘာနှင့်အတူလက်ချင်းယှက်။ တရုတ်နိုင်ငံရွှေလီမြို့- မြန်မာနိုင်ငံမူဆယ်မြို့ နယ်စပ်ဒေသအကြားတွင် ကမ္ဘာ့ပထမဆုံးသော နိုင်ငံဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲဖြစ်သည့် “နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်မာရသွန်အပြေးပြိုင်ပွဲ”အား ခမ်းနားစွာကျင်းပစဉ်။ 

 

图片


“ရပ်ဝန်းနှင့်ပိုးလမ်းမ၊သက်တန့်ရောင်စဉ်ယူနန်မြေ”အမည်ရ နိုင်ငံတကာ တောင်တက်စက်ဘီးစီးပြိုင်ပွဲနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် တောင်တက်စက်ဘီးစီးပြိုင်ပွဲ။

 

图片


တရုတ်နိုင်ငံ CCTV ရုပ်သံလွှင့်ဌာနမှ ရိုက်ကူးထုတ်လွှင့်သော “Charming China” အစီအစဉ်၌ မြန်မာတေးသံရှင် နီနီခင်ဇော်နှင့် တရုတ်တေးသံရှင် Gao Shuqin တို့ အတူတွဲဖက်ကာ “လှပသောဒေသလေး” အမည်ရ တေးသီချင်းအား တရုတ်-မြန်မာနှစ်ဘာသာဖြင့် သီဆိုဖျော်ဖြေခဲ့ကြစဉ်။

 

图片


တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ရွှေလီ ဂျယ်ခေါင် နယ်စပ်ဂိတ်ရှိ နိုင်ငံနယ်စပ်တံတိုင်းတံခါး (Guo Men) စာကြည့်တိုက်။

 

图片


တရုတ်နိုင်ငံ တက်ဟုန်းတွင် ပန်းပုပညာသင်ယူနေသော မြန်မာအမျိုးသမီးငယ်။

 

图片


တရုတ်-မြန်မာကျောင်းသားကျောင်းသူလေးများမှ ဇွန်လ ၁ရက်နေ့ “ကလေးများနေ့” ကို အတူဂုဏ်ပြုကြိုဆိုကြစဉ်။

 

图片


တရုတ်-မြန်မာနယ်စပ်စည်းမျဉ်းပေါ်မှ ပထဝီဝင်အနေအထား ထူးခြားချက် “နှစ်ပြည်တစ်ရွာ”။ တရုတ်-မြန်မာနယ်နိမိတ်မျဉ်းသည် တိုင်တိုင်းရင်းသား လူမျိုးများကျေးရွာအား တရုတ်နိုင်ငံပိုင်နယ်မြေ တရုတ်နိုင်ငံရွှေလီမြို့ ရင်ကျင်ရွာနှင့် မြန်မာနိုင်ငံပိုင်နယ်မြေ မြန်မာနိုင်ငံ မူဆယ်မြို့ မန်ရှိုရွာ  ဟူ၍ တစ်ရွာကို နှစ်ပိုင်း ပိုင်းခြားထားသည်။

 

图片


၂၀၂၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့၊ တရုတ်နိုင်ငံဘက်မှ တရုတ်နိုင်ငံဝမ်တင်းနယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံအား Covid-19 အဆုတ်ရောင်ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်စဉ်။