စာပေအနုပညာဖြင့် ရောဂါကို တွန်းလှန်တိုက်ဖျက်ခြင်း - ဒြပ်မဲ့ယဉ်ကျေးမှု ယူနန်အော်ပရာ “ခါနွေဦးပြန်အလာ”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:37:37



ဤ “ခါနွေဦးပြန်အလာ” ယူနန်အော်ပရာ ရုပ်သံကို ယူနန်ပြည်နယ် ယူနန်အော်ပရာ ပြဇာတ်ရုံ (Yunnan Dianju Theatre)မှ ထောက်ပံ့ကူညီပေးခြင်း ဖြစ်ပါသည်။


图片


“ဆီးနှင်းလေပြင်းများ ရောယှက်နေသည့် ခက်ခဲကြမ်းတမ်းသော ဆောင်းရာသီကို ကျော်ဖြတ်အပြီး ကူးစက်ရောဂါ ဆုတ်ခွာသွားချိန်တွင် ပြည်သူအပေါင်းတို့သည် ကမ္ဘာကြီးအား ကူညီကယ်တင်ပေးရန် စောင့်စားပြင်ဆင် နေကြသည်၊၊” ကမ္ဘာနှင့်အဝှမ်း Covid-19 ကပ်ရောဂါ၏ ခြိမ်းခြောက်မှု အန္တရာယ်ကို ရင်ဆိုင်နေရသည့် အချိန်ကာလတွင် ယူနန်ပြည်နယ် ယူနန်အော်ပရာ ပြဇာတ်ရုံ (Yunnan Dianju Theatre) မှ ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးအား  ကူညီအားပေးခြင်းသဘောကို ဖော်ဆောင်ရန်နှင့် နိုင်ငံအသီးသီးရှိ ပြည်သူများ၏  ကပ်ရောဂါ တိုက်ဖျက်မှုအပေါ် ထားရှိသည့် ယုံကြည်ချက်များ တိုးပွားခိုင်မာလာစေရန်အတွက် ယူနန်ပြည်နယ် ယူနန်အော်ပရာ ပြဇာတ်ရုံ (Yunnan Dianju Theatre)သည် စာပေအနုပညာကဏ္ဍ၏ စွမ်းအားများကို အပြည့်အဝ စွမ်းဆောင် ဖော်ထုတ်စေကာ “ခါနွေဦးပြန်အလာ” ယူနန်အော်ပရာကို ဖန်တီးခဲ့ပါသည်။ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြင့် ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက်  ရှေ့တန်းမှနေ၍ တာဝန် ထမ်းဆောင်နေကြသော သူရဲကောင်းများအား ဂုဏ်ပြုခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါကို စည်းလုံးညီညာစွာ တိုက်ဖျက်ရေးအတွက် တိုက်ပွဲဝင် တေးသီချင်းကို သီဆိုတီးခတ် ခဲ့ပါသည်။


图片

图片

图片


ယူနန်အော်ပရာသည် ယူနန်ပြည်နယ်၏ ဒေသရိုးရာ အော်ပရာအမျိုးအစားများ အနက်မှ တစ်မျိုး ဖြစ်ပြီး နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် တစ်ခုလည်း ဖြစ်ပါသည်၊၊ “ခါနွေဦးပြန်အလာ” အော်ပရာသည် ယူနန်အော်ပရာ ပညာရှင်များမှ  ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများတွင် ရှေ့တန်းထွက် တိုက်ပွဲဝင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက်  စိုးရိမ်ပူပန်ပေးခြင်း၊   ဆုမွန်ကောင်းပြုပေးခြင်းများနှင့် ကပ်ရောဂါဆိုးကို အနိုင်ယူ ကျော်ဖြတ်ပြီး  ကမ္ဘာကြီး ပြန်လည် ကျန်းမာ အသက်ဝင်လာကာ နွေဦးရာသီ ကမ္ဘာမြေသို့ တစ်ဖန် ပြန်လည် ဝင်ရောက်လာရန် မျှော်လင့်ကြောင်းများကို ဖော်ဆောင် တင်ပြထားခြင်း ဖြစ်ပါသည်၊၊ ထို “ခါနွေဦးပြန်အလာ” အော်ပရာ ကို ယူနန်ပြည်နယ် ယူနန်အော်ပရာ ပြဇာတ်ရုံ (Yunnan Dianju Theatre) ၏ ဒါရိုက်တာ Wang Runmei မှ သီဆိုထားပြီး သီချင်းစာသားကို Yang Shu မှ ရေးဖွဲ့ကာ တေးသွားသံစဉ်ကို Liu Ming မှ  ရေးစပ်ခဲ့ပါသည်၊၊ ထူးကဲကောင်းမွန်သော အသံ၊  ခံစားသက်ဝင်မှု ပြည့်နှက်နေသော သီဆိုမှုနှင့် အားမာန်တက်ကြွစေသော တေးသွားသံစဉ်တို့မှတစ်ဆင့်  ခက်ခဲသော အချိန်ကာလများကို စည်းစည်းလုံးလုံး  တစ်ညီတညွတ်တည်း အတူတကွ ရင်ဆိုင် ရုန်းကန် ကျော်ဖြတ်မည့် သူရဲကောင်းစိတ်ဓာတ်နှင့် အားလုံးအတူ ကြံ့ကြံ့ခံကာ  တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ကပ်ရောဂါဆိုးကြီးကို အနိုင်ယူ ကျော်ဖြတ်မည့် ခိုင်မာသော ယုံကြည်ချက် စိတ်ဓာတ်များကို လက်ဆင့်ကမ်း  ပေးစွမ်းနိုင်ခဲ့ပါသည်။


图片