ဒြပ်မဲ့ယဉ်ကျေးမှုဗီဒီယို - “ရွှမ်း (Xuan)” စက္ကူ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-03-17 19:11:29



“ရွှမ်း (Xuan)” စက္ကူသည် အသားနူးညံ့ပြီး အကြမ်းခံခြင်း၊ လိုသလို မင်ဆွဲချက် ရေးဆွဲနိုင်ခြင်း၊ ပိုးမထိုးခြင်း စသည့် ဂုဏ်သတ္တိတို့ကြောင့် ယင်းကို “နှစ်ပေါင်းထောင်ချီခံစက္ကူ” ဟု တင်စားခေါ်ဝေါ်ကြသည်။ “ရွှမ်း” စက္ကူသည် အခြားစက္ကူများနှင့်မတူဘဲ ပိုးတက်ခြင်းမရှိ၊ တာရှည်ခံသည့်အတွက်ကြောင့် မြောက်မြားစွာသော အဖိုးတန် တရုတ်ရှေးဟောင်းစာပေလက်ရာများမှာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ စက္ကူပြုလုပ်ခြင်းပညာသည် တရုတ်ရှေးလူများ၏ အသိဉာဏ်ကြွယ်ဝမှု ဖြစ်လျှင် “ရွှမ်း” စက္ကူသည် စက္ကူပြုလုပ်ခြင်းပညာ၏ အထွတ်အထိပ်ရလဒ်ပင် ဖြစ်သည်။ ၂၀၀၉ ခုနှစ်၌ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) မှ တရုတ်ရိုးရာ “ရွှမ်း” စက္ကူပြုလုပ်ခြင်းပညာကို လူသားမျိုးနွယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်းတွင် ထည့်သွင်းသတ်မှတ်ခဲ့ပါသည်။