ဒြပ်မဲ့ယဉ်ကျေးမှုဗီဒီယို - ကြွေထည်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-03-18 10:44:12



ကြွေထည်ပစ္စည်းများသည် လက်ရာအနုစိတ်ပြီး သေသပ်လှပသည်။ ရွှံ့နှင့် မီးတို့ ပေါင်းစပ်ပြုလုပ်ရာမှ ကြွေထည်မြေထည်ပစ္စည်းများ ဖြစ်လာသည်။ တရုတ်နိုင်ငံ နေရာအသီးသီးရှိ ကြွေထည်ဖုတ်ဖိုများသည် ရှာ့ခေတ် (Xia) နှင့် စန်းခေတ် (Shang) မှ စတင်ကာ နှစ်ထောင်ချီကြာ ကာလတစ်လျှောက်လုံး အမြဲမပြတ် ကြွေထည်မြေထည်များကို ထုတ်လုပ်လာခဲ့ပါသည်။  ထန်ခေတ် (Tang) မှစတင်၍ တရုတ်ကြွေထည်ပစ္စည်းများကို ကမ္ဘာတစ်ဝှမ်းရှိ ကုန်သည်များမှတစ်ဆင့် ပင်လယ်ရေကြောင်းပိုးလမ်းမကြီးကို ဖြတ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ရာ ကြွေထည်များသည် လက်ဖက်ခြောက်၊ ပိုးထည်များနှင့်အတူ တရုတ်နိုင်ငံ ပြည်ပကုန်သွယ်ရေး၏ အဓိကထုတ်ကုန် (၃)မျိုး ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် ပြည်ပသို့ တင်ပို့ရောင်းချသည့် ကြွေထည်ကုန်သွယ်မှုသမိုင်းမှာ အတတ်ပညာနှင့် ယဉ်ကျေးမှုတို့ နှီးနှောဖလှယ်သည့် သမိုင်းဖြစ်စဉ်လည်း ဖြစ်လာခဲ့ပါသည်။