ဒြပ်မဲ့ယဉ်ကျေးမှုဗီဒီယို - တရုတ်ရိုးရာ အပ်စိုက်မီးကင်ကုထုံး
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-03-16 17:33:04
ကျန်းမာကောင်းမွန်၍ ဟန်ချက်ညီသော လူနေမှုဘဝကို ရရှိပိုင်ဆိုင်နိုင်ရန် လူ့ခန္ဓာကိုယ်ရှိ အပ်စိုက်ချက်နေရာများကို တိကျစွာ အပ်စိုက်ခြင်းဖြင့် ထိန်းသိမ်းနိုင်ပါသည်။ အပ်စိုက်မီးကင်ကုသနည်းသည် ရှေးရိုးရာ တရုတ်တိုင်းရင်းကုထုံးတစ်မျိုး ဖြစ်ပြီး နှစ်ကာလများစွာ မရေမတွက်နိုင်သော လူနာများကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ပါသည်။ ခေတ်မီဆေးပညာများ မထွန်းကားမီအချိန်က ရှေးခေတ်တရုတ်လူမျိုးများသည် နာကျင်မှုကို သက်သာပြေပျောက်စေရန် ကျောက်ဖြင့် ဖန်တီးပြုလုပ်ထားသည့် ကိရိယာများကို အသုံးပြုခဲ့ကြသည်။ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ယင်းကဲ့သို့ သဘာဝနည်းလမ်းသည် ကျယ်ပြန့်နက်နဲသော ဆေးဘက်ဆိုင်ရာစနစ်အသွင်သို့ တဖြည်းဖြည်း တိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး အပ်စိုက်မီးကင်ကုထုံးအတွက် အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။