ဒြပ်မဲ့ယဉ်ကျေးမှုဗီဒီယို - တရုတ်ရိုးရာသစ်သားဗိသုကာပညာရပ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-03-15 12:10:29



စရွေးတုံးတစ်ခုစီတိုင်းသည် “ယင် (Yin)” နှင့် “ယန် (Yang)” ပေါင်းစပ်ထားသကဲ့သို့ အံဝင်ခွင်ကျ ဖြစ်လျက်ရှိသည်။ ရာစုနှစ်များစွာကာလတစ်လျှောက်တွင် စရွေး အစိတ်အပိုင်းများ (Mortise and tenon joint structure) သည် တရုတ်ရိုးရာ သစ်သားအဆောက်အဦများ၏ တောင့်တင်းခိုင်မာသည့် ထောက်တိုင်အဖြစ် ပံ့ပိုးပေးခဲ့ကြသည်။ ၎င်းပညာရပ်ကို ထိန်းသိမ်းသည့် ဗိသုကာပညာရှင်များနှင့် တရုတ်နိုင်ငံ နေရာအသီးသီးရှိ ရိုးရာသစ်သားအဆောက်အဦများတွင် ဆွေစဉ်မျိုးဆက် အဆက်ဆက် နေထိုင်လာခဲ့ကြသည့် တရုတ်ပြည်သူများအတွက် သစ်သားကုန်ကြမ်းနှင့် သစ်သားစရွေးဖွဲ့စည်းပုံ အစိတ်အပိုင်းများသည် တရုတ်ဗိသုကာပညာရပ်၏ အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက် ရှိသည်။ ရိုးရာသစ်သားအဆောက်အဦများသည် ပုံစံအမျိုးမျိုး ကွဲပြားသော်လည်း ဦးတည်ချက်မှာ အတူတူပင် ဖြစ်သည်။ တရုတ်လူမျိုးတို့၏ သဘာဝကို ချစ်မြတ်နိုးမှုနှင့် သဟဇာတဖြစ်စွာ အတူယှဉ်တွဲ နေထိုင်မှု မျှော်လင့်ချက်များသည် ယင်းသစ်သားအစိတ်အပိုင်းများတွင် ကိန်းအောင်းလျက် ရှိသည်။