ဒြပ်မဲ့ယဉ်ကျေးမှုဗီဒီယို - တရုတ်စာလက်ရေးလှ အတတ်ပညာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-03-14 12:10:03



တရုတ်စာလက်ရေးလှ အတတ်ပညာသည် တရုတ်စာလုံးများ၏ ထူးခြားမှုကို ဖော်ပြပေးနိုင်သည့် ရိုးရာအနုပညာတစ်မျိုး ဖြစ်ပြီး စာလုံးပုံစံနှင့် စုတ်ချက်ရေးနည်း၊ စာလုံးဖွဲ့စည်းတည်ဆောက်ပုံနှင့် နေရာအထားအသိုတို့အပေါ် မူတည်၍ ဖြစ်တည်လာသော အနုပညာဖန်တီးမှုတစ်ခု ဖြစ်သည်။ အရှေ့ကျင့်ခေတ်အခါက ဝမ်ရှီး‌ကျေး (Wang Xizhi) ၏ စာပေလက်ရာ “Lanting Xu” သည် အထင်ရှားဆုံး ဂန္ထဝင်မြောက် တရုတ်စာလက်ရေးလှ လက်ရာများအနက် တစ်ခုဖြစ်သည်။ ၎င်း၏ သေသပ်လှပပြီး အသက်ဝင်သော စုတ်ချက်ဆွဲသားမှုများသည် တရုတ်စာပေသမိုင်းနှင့် ယဉ်ကျေးမှုအနှစ်သာရများကို ထင်ဟပ်လျက် ရှိသည်။ တရုတ်စာလက်ရေးလှ အတတ်ပညာသည် တရုတ်လူမျိုးတို့၏ အနုပညာရသပုံဖော်မှု တစ်ခု ဖြစ်သည်။ ထို့အပြင် ၎င်းအတတ်ပညာသည် တရုတ်စာလုံးရေးသားမှု ဖြစ်ရုံတင်မက ရှင်သန်ဖြစ်တည်နေသော အမွေအနှစ်လည်း ဖြစ်ပေသည်။