ဒြပ်မဲ့ယဉ်ကျေးမှုဗီဒီယို - စက္ကူအလှညှပ်ပညာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-03-13 13:31:09



လှပသော စက္ကူအလှညှပ်လက်ရာ ရရှိရန် ကတ်ကြေးတစ်လက်၊ စာရွက်တစ်ရွက်နှင့် ကျွမ်းကျင်သော လက်တစ်စုံတို့ လိုအပ်ပါသည်။ ယင်းပညာရပ်သည် တရုတ်ရိုးရာ နှစ်ကူး(၁၂)ရာသီခွင်အကောင်များ၊ ပြတင်းပေါက်အလှကပ်ရုပ်ပုံများမှစ၍ သမိုင်းကြောင်းများ၊ ဒဏ္ဍာရီပုံပြင်များအထိ ယဉ်ကျေးမှုတန်ဖိုး၊ အလှရသခံစားမှုနှင့် ရိုးရာဒဿနအမြင်များစွာကို ထင်ဟပ်လျက် ရှိပါသည်။ ၂၀၀၉ ခုနှစ်၌ တရုတ်နိုင်ငံ၏ စက္ကူအလှညှပ်ပညာသည်  ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ လူသားမျိုးနွယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်းတွင် ထည့်သွင်းသတ်မှတ်ခြင်း ခံခဲ့ရပါသည်။