ဒြပ်မဲ့ယဉ်ကျေးမှုဗီဒီယို - မီးထွန်းပွဲ
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-03-12 16:36:45
မီးထွန်းပွဲသည် တရုတ်နိုင်ငံ၏ ရှေးရိုးရာ ယဉ်ကျေးမှုတစ်ခု ဖြစ်ပြီး ရိုးရာနှင့် ဒေသထူးခြားချက်များစွာ ပါဝင်ပါသည်။ နွေဦးနှစ်သစ်ကူးပွဲတော်မှ ယွမ်ရှောင်းမီးထွန်းပွဲတော်ကာလအတွင်း တရုတ်တစ်နိုင်ငံလုံးတွင် မီးထွန်းပွဲများ ကျင်းပကြသည်။ ရှန်ဟိုင်းမြို့ Yu Garden မီးထွန်းပွဲ၊ နန်ကျင်းမြို့ Qinhuai မီးထွန်းပွဲနှင့် Zigong မီးထွန်းပွဲတို့မှာ နာမည်ကျော်ကြားသည်။ ရောင်စုံမီးထွန်းပွဲသည် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ပြီး လတ်တလောနှစ်များတွင် ပြည်တွင်း၌သာမက ပြည်ပအထိပါ လူသိများ ကျော်ကြားလာခဲ့ပါသည်။