ရိုးရာဓလေ့များဖြင့် ခမ်းနားလှသော ၂၀၂၃ ခုနှစ် ယွမ်ရှောင်းမီးထွန်းပွဲတော် အံ့ဖွယ်ခရီးစဉ် - “တွေ့စအတိုင်း” အကပဒေသာ
ဗီဒီယိုကို Henan Broadcasting System မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
Henan Television (HNTV) မှ တင်ဆက်သည့် “ရိုးရာဓလေ့များဖြင့် ခမ်းနားလှသော ၂၀၂၃ ခုနှစ် ယွမ်ရှောင်းမီးထွန်းပွဲတော် အံ့ဖွယ်ခရီးစဉ်” အစီအစဉ်တွင် ထည်ဝါခမ်းနားသော ရိုးရာဓလေ့များမှတစ်ဆင့် မီးရောင်တမှိတ်မှိတ်အကြား “ယွမ်ရှောင်းမီးထွန်းပွဲတော်” အချိန်အခါ၏ ရှေးခေတ်နှင့် မျက်မှောက်ခေတ်ကာလ အပိုင်းအခြားကို လှစ်ဟဖော်ပြရင်း တရုတ်ပြက္ခဒိန် (၁)လပိုင်း (၁၅)ရက်နေ့ အချိန်၏ နေ့ညအချိန်အခါမရွေး စည်ကားနေမှုနှင့် ရွေ့လျားပြောင်းလဲနေသော အချိန်ကာလများထဲမှ စည်ပင်သာယာဝပြောမှုများကို တင်ဆက်ဖော်ပြထားပါသည်။
“တွေ့စအတိုင်း” အကသည် ယွမ်ရှောင်းမီးထွန်းပွဲတော်၌ လျှပ်တစ်ပြက်တွေ့ဆုံမှုအတွင်း နှစ်သက်စွဲလမ်းမိသည့် ချစ်သူနှစ်ဦးတို့အကြောင်းကို အတိတ်အကြောင်းအရာများအား ကကွက်သုံးကာ တင်ဆက်ပြသသည့် ပုံစံမျိုးဖြင့် ပုံဖော်ထားပြီး “တရုတ်ချစ်သူများနေ့” ဟူ၍ပင် တင်စားခေါ်ဝေါ်ရသည့် ယွမ်ရှောင်းမီးထွန်းပွဲတော်၏ တစ်မူထူးခြားသော အနှစ်သာရရသများကိုလည်း ဖော်ပြနေပါသည်။ ထူးထူးခြားခြားအနေဖြင့်လည်း ဤအစီအစဉ်တွင် “မိုးကောင်းကင်နှင့် ကမ္ဘာမြေ” သံစုံတေးဂီတကိုပါ ထည့်သွင်းဖန်တီး၍ ဗုံဟိန်းသံဖြင့် အစချီကာ မတူညီသော ဂီတတူရိယာ (၄) မျိုးတို့အား အရပ်လေးမျက်နှာ အစောင့်အရှောက်၏ အယူအဆ သဘောတရားများအဖြစ် ပေါင်းစပ်ပုံဖော်ထားသည်။ ယင်းမတူညီသော ဂီတတူရိယာတစ်ခုစီတိုင်းသည် အရပ်လေးမျက်နှာ အစောင့်အရှောက် (၄) မျိုးကို ဖော်ပြနေပြီး တရုတ်နိုင်ငံ၏ ဥတု (၄) ပါး အချိန်ရာသီများရှိ သာယာကောင်းမွန်မှုများကိုလည်း ဖော်ပြနေပါသည်။