ရိုးရာဓလေ့များဖြင့် ခမ်းနားလှသော ၂၀၂၃ ခုနှစ် ယွမ်ရှောင်းမီးထွန်းပွဲတော် အံ့ဖွယ်ခရီးစဉ် - “မင်္ဂလာငှက်ကြိုးကြာ အရောက်ပြန်လှမ်းလို့လာ”အကပဒေသာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-03-23 12:48:29


ဗီဒီယိုကို Henan Broadcasting System မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


WeChat Image_20230221092356.jpg



Henan Television (HNTV) မှ တင်ဆက်သည့် “ရိုးရာဓလေ့များဖြင့် ခမ်းနားလှသော ၂၀၂၃ ခုနှစ် ယွမ်ရှောင်းမီးထွန်းပွဲတော် အံ့ဖွယ်ခရီးစဉ်” အစီအစဉ်တွင် ထည်ဝါခမ်းနားသော ရိုးရာဓလေ့များမှတစ်ဆင့် မီးရောင်တမှိတ်မှိတ်အကြား “ယွမ်ရှောင်းမီးထွန်းပွဲတော်” အချိန်အခါ၏ ရှေးခေတ်နှင့် မျက်မှောက်ခေတ်ကာလ အပိုင်းအခြားကို လှစ်ဟဖော်ပြရင်း တရုတ်ပြက္ခဒိန် (၁)လပိုင်း (၁၅)ရက်နေ့ အချိန်၏ နေ့ညအချိန်အခါမရွေး စည်ကားနေမှုနှင့် ရွေ့လျားပြောင်းလဲနေသော အချိန်ကာလများထဲမှ စည်ပင်သာယာဝပြောမှုများကို တင်ဆက်ဖော်ပြထားပါသည်။


“မင်္ဂလာငှက်ကြိုးကြာ အရောက်ပြန်လှမ်းလို့လာ” အကသည် “တိမ်တိုက်ကြားက ကျောင်းဆောင်တော်” ပန်းချီကားရုပ်ပုံဖြင့် အစပျိုး၍ မင်္ဂလာငှက်ကြိုးကြာများကို အဓိကထား ပုံဖော်တင်ဆက်ထားသည်။ စုတ်တံဝင့်၍ ဆေးခြယ်မှုများအကြား ကြိုးကြာဖြူလေးများ အသက်ဝင်လှုပ်ရှားလာပြီး  တောတောင်ရေမြေများအကြား ငွားငွားစွင့်စွင့် ပျံသန်းရင်း ကျောက်ချင့် (Zhao qing) ရေမြေပေါ်၌ ပျော်ရွှင်မြူးထူးစွာ ကခုန်လျက်ရှိသည်။


မင်္ဂလာငှက်ကြိုးကြာများက ခေတ်အဆက်ဆက် ပျံသန်းသွားလာနေကြကာ ယွမ်ရှောင်းပွဲတော်ချိန်ခါ၌ ဘုံကျောင်းဝင်းထဲသို့ ပျံသန်းဝင်ရောက်လာခဲ့ကြသည်။ ယနေ့ခေတ်တွင် ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာသည့် ပုံစံမျိုးဖြင့် အားလုံးအတူဆုံစည်းကြကာ မီးထွန်းခြင်း၊ ခြင်္သေ့အကကခြင်းများဖြင့် ဤပွဲတော်ရက်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။