ရိုးရာဓလေ့များဖြင့် ခမ်းနားလှသော ၂၀၂၃ ခုနှစ် ယွမ်ရှောင်းမီးထွန်းပွဲတော် အံ့ဖွယ်ခရီးစဉ် - “စည်ကားသာယာ၊ ထန်ခေတ်အချိန်အခါ” အကပဒေသာ
ဗီဒီယိုကို Henan Broadcasting System မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
Henan Television (HNTV) မှ တင်ဆက်သည့် “ရိုးရာဓလေ့များဖြင့် ခမ်းနားလှသော ၂၀၂၃ ခုနှစ် ယွမ်ရှောင်းမီးထွန်းပွဲတော် အံ့ဖွယ်ခရီးစဉ်” အစီအစဉ်တွင် ထည်ဝါခမ်းနားသော ရိုးရာဓလေ့များမှတစ်ဆင့် မီးရောင်တမှိတ်မှိတ်အကြား “ယွမ်ရှောင်းမီးထွန်းပွဲတော်” အချိန်အခါ၏ ရှေးခေတ်နှင့် မျက်မှောက်ခေတ်ကာလ အပိုင်းအခြားကို လှစ်ဟဖော်ပြရင်း တရုတ်ပြက္ခဒိန် (၁)လပိုင်း (၁၅)ရက်နေ့ အချိန်၏ နေ့ညအချိန်အခါမရွေး စည်ကားနေမှုနှင့် ရွေ့လျားပြောင်းလဲနေသော အချိန်ကာလများထဲမှ စည်ပင်သာယာဝပြောမှုများကို တင်ဆက်ဖော်ပြထားပါသည်။
“စည်ကားသာယာ၊ ထန်ခေတ်အချိန်အခါ” အကဗီဒီယိုတွင် ထန်ခေတ်မိန်းမပျိုလေး၏ ဖျော်ဖြေတင်ဆက်မှုမှတစ်ဆင့် ထန်ခေတ်အချိန် ပွဲဈေးတန်း၏ စည်ကားသိုက်မြိုက်မှုနှင့် အသွင်စုံလင်လှပမှု စသည့် ထန်ခေတ်ကာလ၏ အသွင်သဏ္ဌာန်မျိုးစုံတို့ကို မြင်တွေ့ခံစားနိုင်မည် ဖြစ်ပါသည်။