“တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဗီဒီယိုလက်ရာများတင်ဆက်ခြင်း - “ကျွန်ုပ်၏ ယူနန်ပြည်နယ်အတွေ့အကြုံ” ကဏ္ဍတွဲ ဗီဒီယိုအတိုများ (ဒုတိယပိုင်း)
ယူနန်ပြည်နယ်ကို ရောက်လျှင် ကူမင်းမြို့၏ နာမည်ကျော် ကျွမ့်ရှင်းလယ်ယာထွက်ကုန်ဈေး (Zhuanxin) သို့ သွားရောက်ပြီး ဝက်ပေါင်ခြောက်၊ ပန်းမုန့်၊ မှိုများ၊ လက်ဖက်ခြောက်နှင့် ဒေသသရေစာများကို ဖွေရှာရင်း ယင်းမြို့၏ ရိုးစင်းသော အလှတရားများကို ခံစားနိုင်မည် ဖြစ်သည်။ လိကျန်းမြို့ (Lijiang) ရှိ ပိုင်ဆားရှေးဟောင်းမြို့ (Baisha) တွင်လည်း လေပြည်ကလေး တဖြူးဖြူး တိုးအဝှေ့မှာ လေနှင်ရာအတိုင်း လွင့်မျောနေသော တိမ်တိုက်များကို ရှုငေးရင်း နေရောင်ခြည်က အုတ်နံရံအိုထဲသို့ ထိုးဖောက်ဝင်ရောက်သွားချိန်တွင် ကော်ဖီဆိုင်လေးထဲ၌ စိတ်ကြိုက် သီဆိုတီးမှုတ်ကာ စိတ်အပန်းဖြေနိုင်ပါသည်။ ထို့အပြင် များပြားလှသော အထပ်မြင့် အဆောက်အဦများအကြားတွင် အရသာစစ်စစ် ကော့ချောင်မြီးရှည် (Guoqiao) တစ်ပွဲ သုံးဆောင်ပြီး မိုးမှောင်စပြုချိန်တွင် ဘီယာကောင်းကောင်း တစ်ခွက်ဖြင့် ညဘက်အချိန်ကို ပျော်ပျော်ပါးပါး စတင်နိုင်ပါသေးသည်။ ယူနန်ပြည်နယ်အတွေ့အကြုံများတွင် မြို့ပြ၏ အငွေ့အသက်များ၊ ဖြတ်သန်းခဲ့ရသော အချိန်ကာလများနှင့် ဘဝလွတ်လပ်မှုများ ပါဝင်ပေသည်။
၂၀၂၂ ခုနှစ် “တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဗီဒီယိုလက်ရာများတင်ဆက်ခြင်း၏ ယခုတစ်ခေါက် အစီအစဉ်တွင် “ကျွန်ုပ်၏ ယူနန်ပြည်နယ်အတွေ့အကြုံ” ကဏ္ဍတွဲ ဗီဒီယိုအတိုများ (ဒုတိယပိုင်း) ကို တင်ဆက်သွားမည် ဖြစ်သည်။ လျင်မြန်စွာ လျှောက်လှမ်းနေသော ဘဝခြေလှမ်းများကို အရှိန်လျှော့၍ ယူနန်ပြည်နယ်အတွေ့အကြုံများထဲတွင် လူမှုဘဝထဲမှ ဖုံးကွယ်ထားသော အလှတရားများကို ရှာဖွေကာ နေ့ရက်များကို ကဗျာဆန်ဆန် ဖြတ်သန်းကြရအောင်လားရှင်။
ကူမင်းမြို့၏ ဈေးယဉ်ကျေးမှု
ကျွန်ုပ်၏ ပိုင်ဆားရှေးဟောင်းမြို့ရှိ အချိန်များ
ကျွန်ုပ်၏ ကူမင်းမြို့ တစ်ရက်တာ ဖြတ်သန်းမှု