“တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဒစ်ဂျစ်တယ်ပုံရိပ်အနုပညာများ တင်ဆက်ခြင်း - အလှမီးရောင်စုံ ဖြာထွက်နေသည့် အရှေ့တိုင်းပုလဲရတနာ

မှောင်ရိပ်ပျိုးစအချိန်တွင် မီးရောင်စုံ ထိန်ထိန်လင်းနေသော ညရှုခင်းသည် မြင်ရသူတိုင်းအား ရင်သပ်ရှုမောစေမည်မှာ ဧကန်ပင် ဖြစ်သည်။ အွန်လိုင်း AR ရောင်စုံမီးအလှပြပွဲနှင့် အော့ဖ်လိုင်းရောင်စုံအလှမီးများကို ပေါင်းစပ်ခြင်းဖြင့် ရှန်ဟိုင်းမြို့အား ရောင်စုံမီးအလှများ ဝေဆာစေခဲ့ပြီး မြို့ပြ၏ “ညရှုခင်းကဏ္ဍသစ်” ကို ဖန်တီးထားပါသည်။
၂၀၂၂ ခုနှစ် “တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ကမ္ဘာတစ်ဝှမ်း မိတ်ဆက်ခြင်းအစီအစဉ်မှ ယခုတစ်ပတ်တွင် “ဒစ်ဂျစ်တယ်ပုံရိပ်အနုပညာများ တင်ဆက်ခြင်း - အလှမီးရောင်စုံ ဖြာထွက်နေသည့် အရှေ့တိုင်းပုလဲရတနာ” ကို တင်ဆက်သွားမည် ဖြစ်ပါသည်။ “Oriental Pearl TV Tower ၏ AR မီးအလှပြပွဲ” နှင့်အတူ မြို့ပြ၏ “ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး မက်တာဗာ့စ် (Metaverse)” ဆွဲဆောင်မှုအလှတရားများကို အတူတကွ လေ့လာကြည့်ကြရအောင်လားရှင်။
အင်တာနေရှင်နယ်ဆန်သော ရှုခင်းရောင်စုံအလှမီးဒီဇိုင်း ဖန်တီးမှုနှင့် ခေတ်မီနည်းပညာများ၏ အထောက်အပံ့များဖြင့် “ကျောက်စိမ်းပန်းကန်ဆီ သက်ဆင်းလေသည့် ရွယ်စုံပုလဲအဖြာဖြာ၊ အလှမီးရောင်စုံ ဖြာထွက်နေသည့် အရှေ့တိုင်းပုလဲရတနာ” ဟူသော ဆောင်ပုဒ်အတိုင်း အံ့အားသင့်ဖွယ် မြင်ကွင်းများကို ပုံဖော်ပြသသွားမည် ဖြစ်ပါသည်။

东方明珠塔
ORIENTAL PEARL TV TOWER

上海博物馆
SHANGHAI MUSEUM

中华艺术宫
CHINA ART PALACE

卢浦大桥
LUPU BRIDGE

豫园
YU GARDEN

国家会展中心(上海)
NATIONAL EXHIBITION AND CONVENTION CENTER (SHANGHAI)
