ပင်လယ်ပြင်မှ စဉ့်စိမ်းတင်ကြွေထည် - "ကျဲ့ကျန်းစဉ့်စိမ်းတင်ကြွေထည်ခရီးစဉ်မှတ်တမ်း" အွန်လိုင်းပြပွဲ
ကျဲ့ကျန်းပြည်နယ် (Zhejiang) သည် စဉ့်စိမ်းတင်ကြွေထည် စတင်ပေါ်ထွက်ရာမြေ ဖြစ်သည်။ ဤနေရာရှိ တောင်ကုန်းတောင်တန်းနှင့် မြစ်ချောင်းအင်းအိုင်များ၊ လူသားနှင့် ကြွေထည်များ၊ ပင်လယ်ပြင်နှင့် ပိုးလမ်းမတို့တွင် စဉ့်စိမ်းတင်ကြွေထည်လောက၏ လျှို့ဝှက်ချက်များ သိုမှီးထားရှိပြီး နှစ်ပေါင်းထောင်ချီကြာ စွဲမြဲစွာ လောင်ကျွမ်းနေသော ကြွေထည်ဖုတ်ဖို၏ မီးအရှိန်သည် ကျဲ့ကျန်းပြည်နယ်၏ ဒေသအငွေ့အသက်များကို စုစည်းဖြစ်တည်စေသောကြောင့် တရုတ်ရိုးရာယဉ်ကျေးမှုများထဲတွင် အရေးပါထင်ရှားလှပေသည်။ ကျဲ့ကျန်းပြည်နယ်၏ ဤကဲ့သို့ လက်ရာမြောက်လှပသည့် လက်ဆောင်မွန်ကို ကမ္ဘာသိအောင် မျှဝေတင်ဆက်ရင်း နှစ်ပေါင်းထောင်ချီသမိုင်းရှိသော ကျဲ့ကျန်းပြည်နယ်အကြောင်းနှင့် တရုတ်ရိုးရာများကို အသေးစိတ် လေ့လာသိရှိနိုင်ပါသည်။
“ပင်လယ်ပြင်မှ စဉ့်စိမ်းတင်ကြွေထည် - ‘ကျဲ့ကျန်းစဉ့်စိမ်းတင်ကြွေထည်ခရီးစဉ်မှတ်တမ်း’ အွန်လိုင်းပြပွဲ” သည် ဗီဒီယိုများ၊ VR ပုံရိပ်ယောင်၊ ဓာတ်ပုံများနှင့် ဂိမ်းကစားနည်းများ စသည့် အမျိုးမျိုးသော ပုံစံများမှတစ်ဆင့် ကျဲ့ကျန်းပြည်နယ်၏ နှစ်ပေါင်းထောင်ချီသော စဉ့်စိမ်းတင်ကြွေထည်သမိုင်းကြောင်းများကို မိတ်ဆက်ဖော်ပြရင်း စွဲမက်ဖွယ် ကျဲ့ကျန်းစဉ့်စိမ်းတင်ကြွေထည်များအကြောင်းကို ကြည့်ရှုသူပရိသတ်များထံ တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။
ပြပွဲတွင် “နိဒါန်း” ၊ “ဗဟုသုတ - ပင်လယ်ပြင်ဖြတ်၍” ၊ “မူလဇာစ်မြစ် - ကျဲ့ကျန်းပြည်နယ်ရှိ စဉ့်စိမ်းတင်ကြွေထည်ဖုတ်ဖို တည်ရှိရာနေရာများ” ၊ “တန်ဖိုးထားခြင်း - နှစ်ပေါင်းထောင်ချီသမိုင်းရှိသော ကျဲ့ကျန်းစဉ့်စိမ်းတင်ကြွေထည်များ” ၊ “လက်မှုအတတ်ပညာ - လက်မှုပညာရှင်၏ ပညာအဆင့်မြင့်မှု” ၊ “မျှဝေခြင်း - စဉ့်စိမ်းတင်ကြွေထည်ဆိုင်ရာ အကြောင်းများ” ဟူ၍ အခန်းကဏ္ဍ (၆)ခု ပိုင်းခြားထားပါသည်။
“ပင်လယ်ပြင်မှ စဉ့်စိမ်းတင်ကြွေထည် - ‘ကျဲ့ကျန်းစဉ့်စိမ်းတင်ကြွေထည်ခရီးစဉ်မှတ်တမ်း’ အွန်လိုင်းပြပွဲ” အား ဝင်ရောက်လေ့လာရန် QR Code ကို ကြာကြာဖိနှိပ်ပါ။