“တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဗီဒီယိုလက်ရာများတင်ဆက်ခြင်း - “ကျွန်ုပ်၏ ယူနန်ပြည်နယ်အတွေ့အကြုံ” ကဏ္ဍတွဲ ဗီဒီယိုအတိုများ (ပထမပိုင်း)
ယူနန်ပြည်နယ်၏ ဥတုလေးပါးလုံးသည် နွေဦးရာသီကဲ့သို့ သာယာလှပပြီး နွေးထွေးသည့်အပြင် တစ်မူထူးခြားသော ဒေသအငွေ့အသက်နှင့် ဓလေ့ထုံးတမ်းများကလည်း နွေးထွေးသော ခံစားမှုကို ပေးစွမ်းပါသည်။
ယူနန်အငွေ့အသက်နှင့် လမ်းဘေးအကစည်းချက်များ ပေါင်းဆုံကြသောအခါ ဒေသယဉ်ကျေးမှု၏ လွတ်လပ်ပွင့်လင်းမှုသည် အသစ်အဆန်းများကို ဖြစ်ပေါ်လာစေပြီး မြင်သူတိုင်းက စွဲလမ်းနှစ်ခြိုက်ကြသည်။ ဆိတ်ငြိမ်အေးချမ်း၍ ခမ်းနားဆန်းကြယ်သော ရှန်ဂရီလာ (Shangri-la) ရှိ အသွင်စုံလင်လှပသော ဂေဟပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုတို့မှာလည်း အံ့အားသင့်ဖွယ် ကောင်းလှပေသည်။ ရှေးဟောင်းလမ်းများတွင် ယူနန်အော်ပရာပြဇာတ်၊ ရောင်စုံမီးပုံးများနှင့် အမျိုးမျိုးသော လက်မှုအနုပညာလက်ရာပစ္စည်းများကို များပြားစုံလင်စွာ မြင်တွေ့ရပြီး ယဉ်ကျေးမှု အမွေဆက်ခံမှုနှင့် ဆန်းသစ်မှုတို့သည်လည်း ယူနန်ပြည်နယ်၏ ဘဝနေထိုင်မှုအလှတရားများအဖြစ် ဖြစ်တည်လာလေသည်။ သို့ဖြစ်၍ ယူနန်ပြည်နယ် အတွေ့အကြုံများတွင် ရှုမျှော်ခင်းများ၏ ဆွဲဆောင်မှု၊ လူတို့၏ စိတ်နေသဘောထားနှင့် ယဉ်ကျေးမှုဖြစ်တည်မှုများ ပါဝင်ပါသည်။
၂၀၂၂ ခုနှစ် “တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဗီဒီယိုလက်ရာများတင်ဆက်ခြင်း၏ ယခုတစ်ခေါက် အစီအစဉ်တွင် “ကျွန်ုပ်၏ ယူနန်ပြည်နယ်အတွေ့အကြုံ” ကဏ္ဍတွဲ ဗီဒီယိုအတိုများ (ပထမပိုင်း) ကို တင်ဆက်သွားမည် ဖြစ်သည်။ အားလုံး အတူတူ နွေးထွေးသော ယူနန်ပြည်နယ်တွင် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လေ့လာပြီး အမြဲအမှတ်ရစေမည့် ပြောင်မြောက်လှသော ယူနန်ပြည်နယ် အတွေ့အကြုံများကို မှတ်သားရင်း ယူနန်ပြည်နယ်၏ အလှတရားများကို ရှာဖွေလိုက်ကြရအောင်လားရှင်။
ဗီဒီယို - “ဆိုဖီယာ(Sofia)နှင့် လမ်းဘေးအက”
ဗီဒီယို - “ကျွန်ုပ်အတွေးထဲမှ ရှန်ဂရီလာ”
ဗီဒီယို - “စွဲမက်ဖွယ် ယူနန်ရိုးရာယဉ်ကျေးမှု”