စွဲမက်စေမယ် ယူနန်ပြည်နယ် - “တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဓာတ်ပုံလက်ရာများ တင်ဆက်ပြသမှု

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-27 18:23:00


၂၀၂၂ ခုနှစ်၏ “တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” တစ်ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက်ခြင်းအစီအစဉ်မှ ဆန်ခါတင် ဓာတ်ပုံလက်ရာများကို တင်ဆက်ကာ သာယာလှပသော ရှုမျှော်ခင်းများကို ဆက်လက်ပြသပေးသွားမည် ဖြစ်သဖြင့် ကြည့်ရှုခံစားနိုင်ရန်အတွက် ဖိတ်ခေါ်ပါရစေ။


ယခုတစ်ပတ် “တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဓာတ်ပုံလက်ရာများ တင်ဆက်ပြသမှု အစီအစဉ်တွင် အိပ်မက်ထဲမှ အလှကမ္ဘာမြေ ယူနန်ပြည်နယ်ကို တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ သဘာဝတရားကြီးမှ ဖန်ဆင်းပေးအပ်ထားသော ယူနန်ပြည်နယ်၏ ဥတုလေးပါး ရှုမျှော်ခင်းအလှများကို ခံစားကြည့်ရှုလိုက်ကြရအောင်။


ယူနန်ပြည်နယ်၏ နေရာတိုင်းသည် အရောင်အသွေးစုံလင်ပြီး ပန်းချီကားသဖွယ် ကဗျာဆန်စွာ လှပနေသဖြင့် ခရီးသွားများအား စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေမည် ဖြစ်ပါသည်။ ဤလူ့လောကကြီးထဲတွင် စွဲမက်စေသော အလှတရားကို ဆိုရလျှင် ဥတုလေးပါးလုံး လှပနေသည့် ယူနန်ပြည်နယ်ကို ညွှန်ပြရပေလိမ့်မည်။


“သင့်အမြင်ထဲက တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဓာတ်ပုံလက်ရာများ စုဆောင်းလက်ခံခြင်း အစီအစဉ်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ကျင်းပဆောင်ရွက်လျက် ရှိနေပါသည်။ ယင်းအစီအစဉ်ဆိုင်ရာ အကြောင်းအရာများကို အောက်ဖော်ပြပါ ခေါင်းစဉ်၏ Link မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


၂၀၂၂ ခုနှစ်အတွက် "တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ" ဓာတ်ပုံလက်ရာများ စုဆောင်းလက်ခံခြင်း

https://www.yangonchinaculture.org.mm/myanmar/gonggaoxuanchuan/1117.html