“တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဗီဒီယိုလက်ရာများတင်ဆက်ခြင်း - “ဤမှာ စိမ်းပြာပြာ” ဗီဒီယိုဖြင့် ပန်းချီအလှရသခံစားခြင်း
၂၀၂၂ ခုနှစ် တရုတ်ရိုးရာကျားနှစ် နွေဦးနှစ်သစ်ကူးပွဲတော် ပျော်ပွဲရွှင်ပွဲအခမ်းအနား၌ တင်ဆက်ခဲ့သော “ဤမှာ စိမ်းပြာပြာ” အကသည် ပရိသတ်များ၏ တစ်ခဲနက် အားပေးမှုကို ရရှိကာ ထင်ရှားကျော်ကြားခဲ့ပါသည်။ ၎င်းအကသည် ခေတ်အဆက်ဆက် နာမည်ကျော် တရုတ်ပန်းချီကား (၁၀)ကားအနက်မှ တစ်ကားဖြစ်သော မြောက်စုန့်ခေတ် ပန်းချီဆရာ ဝမ်ရှီးမုံ့ (Wang Ximeng) ၏ ဖန်တီးမှုလက်ရာ “ရေမြေတောတောင် မိုင်များစွာအောင် (Thousands miles of mountains and rivers)” ပန်းချီကားကို အခြေခံ၍ ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းအကတင်ဆက်မှုအစီအစဉ်သည် အရောင်လွင်လွင် ရှေးဟောင်းပန်းချီကားကို နောက်ခံအဖြစ် ထားရှိကာ ဆွဲဆောင်မှုရှိသော အကနှင့် ရေမြေတောတောင် သဘာဝအလှအပပုံစံ စင်အပြင်အဆင်တို့ဖြင့် အချိန်ကာလမည်မျှပင် ကျော်လွန်ခဲ့ပါစေ တရုတ်ရိုးရာယဉ်ကျေးမှုသည် ထာဝစဉ် တည်တံ့နေမည်ဖြစ်ကြောင်းကို ပုံဖော်ထားပါသည်။
“ဤမှာ စိမ်းပြာပြာ” (၁)
၂၀၂၂ ခုနှစ် “တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဗီဒီယိုလက်ရာများတင်ဆက်ခြင်း၏ ယခုတစ်ခေါက် အစီအစဉ်တွင် “ဤမှာ စိမ်းပြာပြာ” ဗီဒီယိုကို တင်ဆက်သွားမည်ဖြစ်သည်။ ဤဗီဒီယိုသည် အသိဉာဏ်ပညာနှင့် အနုပညာသရုပ်ဖော်မှုတို့ကို သွယ်ဆက်ကာ မတူညီသော အနုပညာအမျိုးအစားနယ်ပယ်များကို ပေါင်းစပ်ဖလှယ်ထားပါသည်။
“ဤမှာ စိမ်းပြာပြာ” (၂)
အဓိပ္ပာယ်ပုံဖော်ကာ အလွတ်တမ်း ဖန်တီးရေးဆွဲထားသည့် မင်ပန်းချီကားနှင့် သိမ်မွေ့နူးညံ့လှပသော ကကွက်အလှများဖြင့် နှစ်ပေါင်းထောင်ချီ ကြာခဲ့သည့်တိုင် တောတောင်ရေမြေရှုခင်းများ ယခင်အတိုင်း စိမ်းစိုလှပစွာ တည်ရှိနေဆဲဖြစ်ကြောင်း သရုပ်ဖော်တင်ဆက်မှုကို အတူတကွ ရှုစားကြရမည် ဖြစ်ပါသည်။
“သင့်အမြင်ထဲက တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဓာတ်ပုံလက်ရာများ စုဆောင်းလက်ခံခြင်း အစီအစဉ်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ကျင်းပဆောင်ရွက်လျက် ရှိနေပါသည်။ ယင်းအစီအစဉ်ဆိုင်ရာ အကြောင်းအရာများကို အောက်ဖော်ပြပါ ခေါင်းစဉ်၏ Link မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၂၀၂၂ ခုနှစ်အတွက် "တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ" ဓာတ်ပုံလက်ရာများ စုဆောင်းလက်ခံခြင်း
https://www.yangonchinaculture.org.mm/myanmar/gonggaoxuanchuan/1117.html