မြန်ပြည်ကွန်ရက် သင်းကာမွှေးပျံ့ “ယူနန်ကြာပန်းရနံ့” စိတ်ချင်းဆက်ကာ ကြာပန်းအလား မြန်မာတရုတ် နှစ်နိုင်ငံပြည်သူများ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-08 13:47:27


WeChat Image_20220907133055.jpg


“ဖူးပွင့်ဝေဆာ ပန်းမာလာ၊ ပြည့်ဝန်းထိန်သာ လသော်တာ - ယူနန်ကြာပန်းမွှေး၊ မြန်ပြည်တစ်ခွင်သင်း” ဓာတ်ပုံလက်ရာပြပွဲ၏ ဓာတ်ပုံပေါင်း ပုံ(၃၀)ကို စက်တင်ဘာလ (၆)ရက်နေ့တွင် ရွှေဇာမဏီဂျာနယ်နှင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ အွန်လိုင်းပလက်ဖောင်းများ၌ စတင်တင်ဆက်ပြသခဲ့ပါသည်။ အလင်းအမှောင်ပုံရိပ်သုံးကာ မှတ်တမ်းတင်ရိုက်ကူးထားသော ကြာပန်း၏ အလှတရားများဖြင့် “ဖူးပွင့်ဝေဆာ ပန်းမာလာ၊ ပြည့်ဝန်းထိန်သာ လသော်တာ”ဆိုသည့် သာယာပြည့်စုံခြင်းအနက်နှင့် မြန်မာ-တရုတ်ပြည်သူများ၏ နှလုံးသားများကို ပိုမိုရင်းနှီးနီးစပ်စေခြင်း ဟူသော ဆန္ဒမွန်များကို ဖော်ဆောင်နေပြီး မြန်မာနှင့်တရုတ် နှစ်နိုင်ငံပြည်သူများ၏ ပေါက်ဖော်ချစ်ကြည်ရေးကို ထင်ဟပ်စေပါသည်။


WeChat Image_20220907133058.jpg


ယင်းဓာတ်ပုံလက်ရာပြပွဲကို “ဖူးပွင့်ဝေဆာ ပန်းမာလာ၊ ပြည့်ဝန်းထိန်သာ လသော်တာ” ဟူသော ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ ဓာတ်ပုံဆရာများအသင်း၊ ယူနန်ပြည်နယ် ဓာတ်ပုံဆရာများအသင်းနှင့် ကူမင်းမြို့ ဓာတ်ပုံဆရာများအသင်း၏ အသင်းဝင်များက ယူနန်ပြည်နယ်ရှိ နေရာမြောက်မြားစွာတွင် ကြာပန်းကို အဓိကထား ရိုက်ကူးထားသော ဓာတ်ပုံပေါင်း ပုံ(၃၀)ကို တင်ဆက်ပြသထားခြင်းဖြစ်သည်။ ဓာတ်ပုံလက်ရာများထဲတွင် ကူမင်းမြို့ရှိ တာ့ကွမ်းပန်းခြံ (Daguan Park) ၊ ယွိရှီးမြို့ (Yu Xi) ရှိ ဖူရှန်းကန် (Fuxian Lake) အစရှိသော နေရာများရှိ ကြာပန်းများ၏ အားမာန်အပြည့်ဖြင့် ပွင့်လန်းနေပုံများ၊ ဖူးငုံနီမြန်းနေပုံများ၊ ခရီးသွားဧည့်သည်များနှင့် ထင်ဟပ်လှပနေပုံများ၊ ရှေးအငွေ့အသက်နေရာများနှင့် ထင်ဟပ်ပေါ်လွင်နေပုံများ အစရှိသည်တို့ ပါဝင်သည်။ ဤမြင်ကွင်းရိုက်ချက် အားလုံးတို့သည် ရောင်စုံယူနန်မြေ၏ သဘာဝပတ်ဝန်းကျင် သာယာလှပမှုများ၊ ရောင်စုံရှုခင်းများနှင့် ယဉ်ကျေးမှုအနှစ်သာရ နက်ရှိုင်းကြွယ်ဝမှုများကို ပေါ်လွင်ထင်ဟပ်စေပြီး မြန်မာပြည်သူများအား ယူနန်ပြည်နယ်၏ အလှတရားကို ခံစားသိရှိပြီး ယူနန်ပြည်နယ်ကို နှစ်သက်လာအေင် ဆွဲဆောင်လျက်ရှိနေပါသည်။


mtxx01.jpg


ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ပြည်နယ်တစ်ခုအနေဖြင့် ကဏ္ဍပေါင်းများစွာတွင်လည်း ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကောင်းများစွာ ရရှိခဲ့ပြီး ရိုးရာမပျက် ပေါက်ဖော်ချစ်ကြည်ရေးကို တိုးတက်ခိုင်မာလာစေခဲ့သည်။ ယခုနှစ်ပိုင်းများတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ၏ အဝေးပြေးလမ်းမကြီးများ၊ ရထားလမ်းများ၊ စွမ်းအင်ဆိုင်ရာ ပစ္စည်းအဆောက်အဦများ၏  ဆက်သွယ်ချိတ်ဆက်မှု အခြေအနေများသည် စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ရောင်းဝယ်ဖောက်ကားမှုများသည် ပိုမိုများပြားစိပ်လာ၍ နှစ်နိုင်ငံပြည်သူများအကြား စိတ်နှလုံးသားချင်း ရင်းနှီးနီးစပ်မှုမှာလည်း အခြေခိုင်ကာ ပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်သည်လည်း တစ်စတစ်စ ပိုမိုခိုင်မာလာခဲ့သည်။



ယင်းဓာတ်ပုံပြပွဲ၏ တာဝန်ရှိသူတစ်ဦးက ကြာပန်းသည် စစ်မှန်ခြင်း၊ ကောင်းမွန်ခြင်း၊ လှပခြင်းဟူသော အနက်အဓိပ္ပာယ်ကောင်းများကို ဖော်ဆောင်နေပြီး အေးချမ်းသာယာခြင်းကိုလည်း ကိုယ်စားပြုပါကြောင်း၊ ကြာပန်းဓာတ်ပုံပြပွဲ၏ ဓာတ်ပုံလက်ရာများဖြင့် ဤဆောင်းဦးလယ်လမုန့်ပွဲတော် (Mid-autumn Festival) အကြိုနေ့တွင် ၎င်းဆုမွန်ကောင်းများအား အွန်လိုင်းမှတစ်ဆင့် ဤကြိုင်လှိုင်သင်းမွှေး ယူနန်ကြာပန်းရနံ့များဖြင့် ပင်လယ်ရပ်ခြား အဝေးဌာနေရှိ မြန်မာမိတ်ဆွေများထံသို့ ပို့ဆောင်ပေးလိုပါကြောင်းနှင့် ထိုမှတစ်ဆင့် ရိုးရာချစ်ကြည်ရင်းနှီးမှုကို ပိုမိုနက်ရှိုင်းစေကာ ရိုးရာပွဲတော်ကို အတူတကွ ပျော်ရွှင်စွာဆင်နွှဲကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 


WeChat Image_20220907133127.jpg

mtxx02.jpg

mtxx04.jpg

mtxx05.jpg