ပုလဲရတနာ၏ ညို့ငင်အား၊ ခမ်းနားတောက်ပသော ဟောင်ကောင်အလှတရား - “တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဟောင်ကောင်ခေါင်းစဉ်အကြောင်းအရာ ဓာတ်ပုံလက်ရာများ တင်ဆက်ပြသမှု
အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း (၂၅)နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၂ ခုနှစ်၏ “တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” တစ်ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက်ခြင်းအစီအစဉ်မှ ဟောင်ကောင်ခေါင်းစဉ်အကြောင်းအရာ ဓာတ်ပုံလက်ရာများပြသမှု အထူးအစီအစဉ်ကို တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။
“ခမ်းနားလှပသော ဟောင်ကောင်”
ဟောင်ကောင်(Hong Kong)သည် နိုင်ငံတကာအဆင့်မီ မြို့ပြကြီး၏ မြန်မြန်ဆန်ဆန် လုပ်ကိုင်ဆောင်ရွက်တတ်သော ဘဝနေထိုင်မှုပုံစံရှိပြီး စည်စည်ကားကားရှိလှသည့် မြို့ပြအငွေ့အသက်များ ဖုံးလွှမ်းပြည့်နှက်နေသည့်အပြင် များပြားစုံလင်လှသည့် ခရီးသွားအတွေ့အကြုံများကိုလည်း ပေးစွမ်းနိုင်မည့် နေရာတစ်နေရာဖြစ်သည်။ ဟောင်ကောင်တွင် တောင်တက်လျှောက်လမ်းများပေါ်၌ လမ်းလျှောက်၍ သဘာဝတရားကြီးနှင့် ရင်းနှီးနီးကပ်စွာ ထိတွေ့ခံစားနိုင်သကဲ့သို့ အစီအရီ တသီတသန်းရှိနေသည့် တိုက်တာအဆောက်အဦများမှစ၍ ရောင်စုံမီးများ တဖြတ်ဖြတ် လင်းလက်တောက်ပနေသည့် စီးပွားရေးအချက်အချာနေရာများမှနေ ငွားငွားစွင့်စွင့် ပွင့်လန်းနေသောသဏ္ဌာန်ရှိသည့် စွယ်တော်ပန်းရုပ်တု ရင်ပြင်နေရာအထိ အေးဆေးဖြည်းညင်းစွာ လမ်းလျှောက်ကြည့်ရှုနိုင်သည်။ ထို့အပြင် ဝိတိုရိယဆိပ်ကမ်း၏ ပင်လယ်ရှုခင်း၊ ကျိုလုံ(Kowloon)ရှိ ရှေးဟောင်းလူနေအဆောက်အဦများ၊ Nathan လမ်းရှိ တိုးကြိတ်နေသော လူစုလူဝေးများ အစရှိသည်တို့ကိုလည်း တွေ့မြင်နိုင်သည်။ ဤတောက်ပခမ်းနားလှသည့် အရှေ့တိုင်းပုလဲရတနာသည် ယင်း၏ ညှို့ယူဖမ်းစားနိုင်သော ဆွဲဆောင်မှုအလင်းတန်းများဖြင့် အမြဲတမ်း ထွန်းလင်းတောက်ပနေပါတော့သည်။
“ဟောင်ကောင်အဏ္ဏဝါဥယျာဉ်(Ocean Park)"
အားလုံးအတူတူ ဟောင်ကောင်၏ နှစ်သက်ကြည်နူးဖွယ် ရှုခင်းအလှတရားများကို ကြည့်ရှုပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် အရှေ့တိုင်းပုလဲရတနာ၏ ညှို့ငင်အားများကို ရှုမြင်ခံစားကြရအောင်။
“ဟောင်ကောင်၏ ညရှုခင်း”
“ဝိတိုရိယဆိပ်ကမ်း၏ ညအလှ”
“ဝိတိုရိယဆိပ်ကမ်း”
“ဝိတိုရိယဆိပ်ကမ်းရှိ ကင်းလှည့်ရေယာဉ်”
“စွယ်တော်ပန်း”
“သင့်အမြင်ထဲက တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဓာတ်ပုံလက်ရာများ စုဆောင်းလက်ခံခြင်း အစီအစဉ်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ကျင်းပဆောင်ရွက်လျက် ရှိနေပါသည်။ ယင်းအစီအစဉ်ဆိုင်ရာ အကြောင်းအရာများကို အောက်ဖော်ပြပါ ခေါင်းစဉ်၏ Link မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၂၀၂၂ ခုနှစ်အတွက် "တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ" ဓာတ်ပုံလက်ရာများ စုဆောင်းလက်ခံခြင်း
https://www.yangonchinaculture.org.mm/myanmar/gonggaoxuanchuan/1117.html