ခံစားမှုအပြည့်နှင့် စီးမျောနစ်ဝင်၊ ပျော်ရွှင်ကြည်နူးဖွယ် ခရီးစဉ် - "တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ" “မော့ကောင်းလိုဏ်ဂူ(Mogao)၏ လေးရာသီ VR မြင်ကွင်းကျယ်ပုံရိပ်”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-07-19 12:44:24



၂၀၂၂ ခုနှစ်၏ “တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” တစ်ကမ္ဘာလုံးဆိုင်ရာမိတ်ဆက်ခြင်း အစီအစဉ်မှ “မော့ကောင်းလိုဏ်ဂူ(Mogao)၏ လေးရာသီ VR မြင်ကွင်းကျယ်ပုံရိပ်” ဒစ်ဂျစ်တယ်ဗီဒီယိုလက်ရာကို တင်ဆက်ပြသပေးသွားမည် ဖြစ်ပြီး အခြားသော ဒစ်ဂျစ်တယ်ဗီဒီယိုလက်ရာကောင်းများကိုလည်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆက်လက် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေခင်ဗျာ။


WeChat Image_20220720092412.jpg


“မော့ကောင်းလိုဏ်ဂူ (Mogao)၏ လေးရာသီ” ဗီဒီယိုလက်ရာသည် ၃၆၀ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးခြင်းနှင့် ဝေဟင်ပေါ်မှ ဒရုန်းဖြင့် ရိုက်ကူးခြင်းနည်းလမ်းတို့ကို အသုံးပြု၍ မော့ကောင်းလိုဏ်ဂူ(Mogao) ရှေးဟောင်းနေရာ ဘေးပတ်ဝန်းကျင်ရှိ  ဥတုရာသီလေးမျိုး၏ ပတ်ဝန်းကျင်ပုံရိပ်များကို စုစည်းပြီး VR နည်းပညာကို အသုံးချကာ 3D ရှုမျှော်ခင်းပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပုံဖော်ထားပါသည်။ မော့ကောင်းလိုဏ်ဂူ(Mogao)၏ မတူညီသော ဥတုရာသီများ၏ မြင်ကွင်းအလှကို စီးမျောနစ်ဝင် ထိတွေ့ခံစားစေနိုင်သည့်ပုံစံဖြင့် အားလုံး၏ရှေ့မှောက်အရောက် ချပြတင်ဆက်ထားပြီး ကြည့်ရှုသူပရိသတ်များကို မော့ကောင်းလိုဏ်ဂူ(Mogao)၏ နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းရာသီ ဥတုလေးပါး ပုံရိပ်မြင်ကွင်းများအား ရှုထောင့်ပေါင်းစုံမှ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခံစားစေမည် ဖြစ်ပါသည်။



မော့ကောင်းလိုဏ်ဂူ(Mogao)၏ VR မြင်ကွင်းကျယ်ပုံရိပ်သည် လိုဏ်ဂူပတ်ဝန်းကျင်၏ အပြင်လက်တွေ့ပုံစံအတိုင်း ထပ်တူကျအသက်ဝင်စွာ ပြန်လည်ဖန်တီးပုံဖော်နိုင်သည်။ ဆန်းသစ်သော ရုပ်ထွက်နည်းပညာအမျိုးအစား ဖြစ်သည့်အလျောက် စီးမျောနစ်ဝင်သွားအောင် ဖမ်းစားနိုင်စွမ်းနှင့် အပြန်အလှန်တုံ့ပြန်နိုင်မှု အားကောင်း၍  အနုပညာလက်ရာနှင့် လည်ပတ်ကြည့်ရှုသူများအကြားရှိ ထိတွေ့ဆက်ဆံမှုရလဒ်များကို မြှင့်တင်ကောင်းမွန်စေပါသည်။



“သင့်အမြင်ထဲက တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဓာတ်ပုံလက်ရာများ စုဆောင်းလက်ခံခြင်း အစီအစဉ်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ကျင်းပဆောင်ရွက်လျက် ရှိနေပါသည်။ ယင်းအစီအစဉ်ဆိုင်ရာ အကြောင်းအရာများကို အောက်ဖော်ပြပါ ခေါင်းစဉ်၏ Link မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


၂၀၂၂ ခုနှစ်အတွက် "တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ" ဓာတ်ပုံလက်ရာများ စုဆောင်းလက်ခံခြင်း

https://www.yangonchinaculture.org.mm/myanmar/gonggaoxuanchuan/1117.html