တိုင်လူမျိုး(Dai)တို့ဌာနေ ချစ်မေတ္တာဝေ၊ မိုးလား(Mengla) ဒေသမြေမှလေ - “တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဒစ်ဂျစ်တယ်ဗီဒီယိုလက်ရာမှ ဆောင်ယူလာပေးသော ကြည်နူးဖွယ်ရာခရီးစဉ်
“မိုးမျှော်ပင် (Wangtianshu) စုံတောမြိုင် ခရီးသွားနေရာ လက်ရေးဆွဲကာတွန်း”
သာယာလှပသော ဆစ်ဆောင်ပန်းနားဒေသ (Xishuangbanna)တွင် ဤကဲ့သို့ နေရာလေးတစ်ခု ရှိပါသည်။ ၎င်းသည် ကမ္ဘာကြီး၏ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီရှိ ပြီးပြည့်စုံသော အိုအေစစ်တစ်ခုဖြစ်ပြီး ဇီဝအရင်းအမြစ်များ လွန်စွာကြွယ်ဝသည်။ ဤနေရာသည် တရုတ်နိုင်ငံ၏ သဘာဝမူလအသွင်အပြင် အပြီးပြည့်ဆုံးနှင့် အကျယ်အဝန်း အကြီးမားဆုံး အပူပိုင်းမိုးသစ်တောဖြစ်သည်။ အဆိုပါနေရာမှာ ယူနန်ပြည်နယ်၊ ဆစ်ဆောင်ပန်းနားပြည်နယ်ခွဲ (Xishuangbanna)၊ မိုးလားကောင်တီ(Mengla) တွင် တည်ရှိသည့် အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဇုန်ဖြစ်သော ဆစ်ဆောင်ပန်းနား (Xishuangbanna) အပူပိုင်းမိုးသစ်တော အမျိုးသားဥယျာဉ်နှင့် မိုးမျှော်ပင် (Wangtianshu) စုံတောမြိုင် ခရီးသွားနေရာပင် ဖြစ်သည်။
အပူပိုင်းမိုးသစ်တောရှုခင်း
လက်ရေးဆွဲကာတွန်းလက်ရာများကို သိမ်မွေ့ငြိမ်အေး၍ အလွတ်တမ်း ဖန်တီးရေးဆွဲမှုပုံစံနှင့် နားလည်လွယ်၍ လိုရင်းတိုရှင်းကျသော တင်ဆက်မှုနည်းလမ်းများကို အသုံးပြုပြီး အကန့်အသတ်မရှိသော စိတ်ကူးစိတ်သန်းများ ပါရှိသည့် ရှုခင်းရှုကွက်များကို ပုံဖော်တည်ဆောက်ကာ လက်တွေ့ဘဝနှင့် လူတို့၏ စိတ်ခံစားမှုဆိုင်ရာ ရယူရှာဖွေမှုများကို တင်ဆက်ပြသထားပါသည်။
Feilipu လျှောက်လမ်း
ဤဗီဒီယိုသည် လှပသော ကာတွန်းပုံစံတင်ဆက်မှု၊ မြန်ဆန်သွက်လက်သော ရှုခင်းအလှများပြသမှု၊ ဆန်းသစ်သော ကာတွန်းဇာတ်ကောင် ခရီးသွားဧည့်လမ်းညွှန်၊ အသေးစိတ်ကျသော စိတ်ခံစားမှုဆိုင်ရာ ချိတ်ဆက်ဆက်နွှယ်မှု အစရှိသည်တို့မှတစ်ဆင့် ကြည့်ရှုသူပရိသတ်တို့အား မိုးလားကောင်တီ(Mengla)၏ တိုင်လူမျိုး(Dai)တို့ဌာနေမှ ချစ်ခြင်းမေတ္တာတရားများကို ကြုံကြိုက်ခံစားနိုင်ရန်အတွက် ခေါ်ဆောင်ပေးသွားမည်ဖြစ်သည်။
နန်လာ့မြစ်(Nanla)ရှုခင်း
2D စိတ်ကူးယဉ်အတွေးကမ္ဘာထဲရှိ မိုးမျှော်ပင် (Wangtianshu) စုံတောမြိုင် ခရီးသွားနေရာသည် ကြည့်ရှုရသူအဖို့ မတူညီကွဲပြားသော ခံစားချက်များကို ပေးစွမ်းပြီး အာရုံခံစားမှုနှင့် စိတ်ခံစားမှုတို့၏ ဘုံပျော်ရွှင်မှု၊ အနုပညာနှင့် ဘဝတို့၏ ရောယှက်ပေါင်းစပ်မှုများကို ခံစားဖြစ်ပေါ်စေပါသည်။
အပူပိုင်းမိုးသစ်တော၏ မိုးသောက်ယံ
၂၀၂၂ ခုနှစ်၏ “တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” တစ်ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက်ခြင်းအစီအစဉ်မှ “မိုးမျှော်ပင် (Wangtianshu) စုံတောမြိုင် ခရီးသွားနေရာ လက်ရေးဆွဲကာတွန်း” ဒစ်ဂျစ်တယ်ဗီဒီယိုလက်ရာကို တင်ဆက်ပေးသွားမည်ဖြစ်ပြီး နောက်နောင်တင်ဆက်မည့် အစီအစဉ်များတွင်လည်း များသထက်များသော ထူးခြားပြောင်မြောက်လှသည့် ဒစ်ဂျစ်တယ်ဗီဒီယိုလက်ရာများကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆက်တိုက်လွှင့်တင်ပေးသွားမည် ဖြစ်ပါသည်။
သစ်ပင်ဦးရစ်သရဖူ စင်္ကြံလမ်း
မိုးမျှော်ပင် (Wangtianshu) သစ်ပင်အစုအဝေး
“သင့်အမြင်ထဲက တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဓာတ်ပုံလက်ရာများ စုဆောင်းလက်ခံခြင်း အစီအစဉ်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ကျင်းပဆောင်ရွက်လျက် ရှိနေပါသည်။ ယင်းအစီအစဉ်ဆိုင်ရာ အကြောင်းအရာများကို အောက်ဖော်ပြပါ ခေါင်းစဉ်၏ Link မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၂၀၂၂ ခုနှစ်အတွက် "တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ" ဓာတ်ပုံလက်ရာများ စုဆောင်းလက်ခံခြင်း
https://www.yangonchinaculture.org.mm/myanmar/gonggaoxuanchuan/1117.html