"တံဆိပ်ခေါင်းများထဲမှ လှပသော တရုတ်နိုင်ငံအား ကြည့်ရှုခြင်း" ဓာတ်ပုံပြပွဲ (၄)
တံဆိပ်ခေါင်းများကို “အသေးစား စွယ်စုံကျမ်း” ဟူ၍ တင်စားခေါ်ဝေါ်ကြသည်။ ခေတ်သစ်တရုတ်နိုင်ငံမှ ထုတ်ဝေသည့် ထောင်နှင့်ချီသော တံဆိပ်ခေါင်းများထဲတွင် ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်ရေး အတွေးအမြင်များကို ထင်ဟပ်နေသည့် တံဆိပ်ခေါင်းများစွာ ရှိပါသည်။ ၎င်းတို့သည် တရုတ်နိုင်ငံရှိ တောတောင်၊ မြစ်ချောင်းများနှင့် ရှားပါးမျိုးစိတ်များ၏ သဘာဝအလှတရားများကို သိပ်သည်းပေါ်လွင်စေရုံသာမက တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကိုလည်း သက်သေထူထားခဲ့ပါသည်။
ဤဓာတ်ပုံပြပွဲတွင် ကိုယ်စားပြုတံဆိပ်ခေါင်း စုစုပေါင်း (၇၁) စုံကို ရွေးချယ်ထားပြီး “တရုတ်နိုင်ငံ၏ ကမ္ဘာ့သဘာဝအမွေအနှစ်” ၊ “သဘာဝထိန်းသိမ်းရေးနယ်မြေ” ၊ “တောရိုင်းတိရစ္ဆာန်နှင့်အပင်အရင်းအမြစ်များ” ၊ “ရေအရင်းအမြစ်” နှင့် “ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးနှင့် စိမ်းလန်းစိုပြည်ရေး” ဟူ၍ အပိုင်း(၅)ပိုင်း ခွဲထားပါသည်။ တံဆိပ်ခေါင်းအနုပညာကို ကြားခံပြီး တရုတ်နိုင်ငံရှိ သစ်ပင်၊ တောတောင်၊ မြစ်ချောင်းများ၏ ဆွဲဆောင်မှုများကို ဆင့်ကမ်းကာ လူသားနှင့် သဘာဝတရားတို့အကြား သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်မှု သဘောထားအမြင်ကို ဝေမျှထားပါသည်။ ယခု စိမ်းစိုမှုအငွေ့အသက်များ ပြည့်နှက်နေသည့် “လေးထောင့်ကွက်လေးများခရီးစဉ်” ကို စတင်လိုက်ကြရအောင်။
ရေအရင်းအမြစ်
ရေသည် သက်ရှိများ၏ အခြေခံဖြစ်သည့်အပြင် ယဉ်ကျေးမှုဇာစ်မြစ်လည်း ဖြစ်ပေသည်။ ကမ္ဘာမြေကြီး၏ ရေသိုလှောင်မှုပမာဏမှာ အလွန်ပင် ကြီးမားသော်လည်း လူတို့ တိုက်ရိုက်ထုတ်လုပ်နိုင်မှုနှင့် ရှင်သန်နေထိုင်ရေးအတွက် အသုံးပြုနိုင်မှုမှာမူ အလွန်နည်းပါးလှပါသည်။ ဤအပြာရောင်ကမ္ဘာဂြိုဟ်ပေါ်တွင် နေထိုင်ကြသော လူသားများအတွက် ရေအရင်းအမြစ်ထိန်းသိမ်းကာကွယ်ရေးနှင့် ရေရှည်အသုံးချရေးတို့သည် လက်ရှိကြုံတွေ့နေရသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများအနက်မှ တစ်ခုပင် ဖြစ်သည်။
ယခုအပိုင်းတွင် တံဆိပ်ခေါင်း (၁၀) စုံမှတစ်ဆင့် တရုတ်နိုင်ငံရှိ မြစ်၊ ချောင်း၊ ရေကန်များနှင့် ရေအသုံးချမှုလုပ်ငန်းများအကြောင်းကို ဖော်ပြထားပြီး သင့်အား လေးထောင့်ကွက်လေးများထဲမှ ကြည်လင်စိမ်းမြသော ရေစီးလှိုင်းများကို ခံစားစေမည် ဖြစ်သည်။
“ယန်ဇီမြစ်”
“မြစ်ဝါမြစ်”
“တရုတ်နိုင်ငံတော်သစ်၏ ဟွိုင်(Huai)မြစ် ပြုပြင်ထိန်းသိမ်းခြင်း နှစ်(၆၀)ပြည့်”
“Poyang ကန်”
“Taihu ကန်”
“Jingpo ကန်”
“Qiandao ကန် ရှုခင်း”
“Lingqu တူးမြောင်း”
“Dujiangyan ရေအသုံးချမှုလုပ်ငန်း”
“ပေကျင်း(Beijing) - ဟန်ကျိုး(Hangzhou) မဟာတူးမြောင်းကြီး”