"တံဆိပ်ခေါင်းများထဲမှ လှပသော တရုတ်နိုင်ငံအား ကြည့်ရှုခြင်း" ဓာတ်ပုံပြပွဲ (၅)
တံဆိပ်ခေါင်းများကို “အသေးစား စွယ်စုံကျမ်း” ဟူ၍ တင်စားခေါ်ဝေါ်ကြသည်။ ခေတ်သစ်တရုတ်နိုင်ငံမှ ထုတ်ဝေသည့် ထောင်နှင့်ချီသော တံဆိပ်ခေါင်းများထဲတွင် ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်ရေး အတွေးအမြင်များကို ထင်ဟပ်နေသည့် တံဆိပ်ခေါင်းများစွာ ရှိပါသည်။ ၎င်းတို့သည် တရုတ်နိုင်ငံရှိ တောတောင်၊ မြစ်ချောင်းများနှင့် ရှားပါးမျိုးစိတ်များ၏ သဘာဝအလှတရားများကို သိပ်သည်းပေါ်လွင်စေရုံသာမက တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကိုလည်း သက်သေထူထားခဲ့ပါသည်။
ဤဓာတ်ပုံပြပွဲတွင် ကိုယ်စားပြုတံဆိပ်ခေါင်း စုစုပေါင်း (၇၁) စုံကို ရွေးချယ်ထားပြီး “တရုတ်နိုင်ငံ၏ ကမ္ဘာ့သဘာဝအမွေအနှစ်” ၊ “သဘာဝထိန်းသိမ်းရေးနယ်မြေ” ၊ “တောရိုင်းတိရစ္ဆာန်နှင့်အပင်အရင်းအမြစ်များ” ၊ “ရေအရင်းအမြစ်” နှင့် “ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးနှင့် စိမ်းလန်းစိုပြည်ရေး” ဟူ၍ အပိုင်း(၅)ပိုင်း ခွဲထားပါသည်။ တံဆိပ်ခေါင်းအနုပညာကို ကြားခံပြီး တရုတ်နိုင်ငံရှိ သစ်ပင်၊ တောတောင်၊ မြစ်ချောင်းများ၏ ဆွဲဆောင်မှုများကို ဆင့်ကမ်းကာ လူသားနှင့် သဘာဝတရားတို့အကြား သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်မှု သဘောထားအမြင်ကို ဝေမျှထားပါသည်။ ယခု စိမ်းစိုမှုအငွေ့အသက်များ ပြည့်နှက်နေသည့် “လေးထောင့်ကွက်လေးများခရီးစဉ်” ကို စတင်လိုက်ကြရအောင်။
ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးနှင့် စိမ်းလန်းစိုပြည်ရေး
တရုတ်နိုင်ငံတော်သစ် ထူထောင်ချိန်မှစတင်၍ တရုတ်နိုင်ငံသည် ဂေဟစနစ်ထိန်းသိမ်းခြင်း၊ မြေသုဉ်းမှုမှ ကာကွယ်ခြင်း၊ သစ်တောပျိုးထောင်ခြင်းနှင့် အစိမ်းရောင်နယ်မြေဖော်ဆောင်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။ သစ်တောလွှမ်းခြုံမှုနှုန်းသည် ၁၉၈၀ ပြည့်နှစ် အစောပိုင်းတွင် (၁၂) ရာခိုင်နှုန်းရှိရာမှ (၂၃.၀၄) ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပြီး သဘာဝမြက်ခင်းပြင်၌ အပင်များ ပေါက်ရောက်လွှမ်းခြုံမှုနှုန်းမှာ (၅၆.၁) ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့ပါသည်။ အသစ်တိုးလာသော ရေတိမ်ဒေသဧရိယာသည် တရုတ်ဧက “မူ (亩 mu)” (၃) သန်းကျော် (亩 mu = တရုတ်မြေအတိုင်းအတာယူနစ်၊ ၆၆၆.၆၆၇ စတုရန်းမီတာဝန်းကျင်နှင့် ညီမျှသည်) ရှိလာပြီး မြေသုဉ်းမှုနှင့် သဲကန္တာရဖြစ်ပေါ်လာမှုများလည်း လျော့ကျခဲ့ပါသည်။ မြို့ပြတည်ဆောက်မှုဧရိယာ၏ အစိမ်းရောင်မြေလွှမ်းခြုံမှုနှုန်းသည် (၁၀.၁) ရာခိုင်နှုန်းမှ (၄၁.၁၁) ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပါသည်။
ယခုအပိုင်းတွင် တံဆိပ်ခေါင်း (၁၅) စုံ၏ ရုပ်ပုံများမှတစ်ဆင့် ဂေဟစနစ်ထိန်းသိမ်းခြင်း၊ သစ်တောပျိုးထောင်ခြင်း၊ မြက်စိုက်ပျိုးခြင်းနှင့် မြေသုဉ်းမှုမှ ကာကွယ်ခြင်း စသည့်ကဏ္ဍများမှ ရရှိခဲ့သော တရုတ်နိုင်ငံ၏ အတွေ့အကြုံနှင့် အောင်မြင်မှုရလဒ်များကို တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။
“လယ်ယာလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု - သစ်ပင်စိုက်ပျိုးခြင်း”
“သစ်တောလုပ်ငန်းတည်ထောင်ခြင်း”
“လူထုအကျိုးပြုလုပ်ငန်းကြီး(၅)ရပ် ဖြစ်ထွန်းအောင်မြင်ရေး - သစ်တောပျိုးထောင်ခြင်း”
“ပျိုးထောင်စိုက်ပျိုး သစ်ပင်အမျိုးမျိုး၊ စိမ်းလန်းစေမယ် အမိတရုတ်နိုင်ငံဝယ်”
“စိမ်းလန်းစေမယ် အမိတရုတ်နိုင်ငံဝယ်”
“တရုတ်နိုင်ငံ၏ သစ်ပင်စိုက်ပျိုးရေးနေ့”
“ကလေးတို့ဘဝ - စိမ်းလန်းစိုပြည် တို့အိမ်ဝန်းမြေ”
“လူသားတို့၏ ဘုံအိမ်ဝန်းမြေအား ထိန်းသိမ်းစောင့်ရှောက်မှု - မြေသုဉ်းမှုမှ ကာကွယ်ခြင်း”
“စိမ်းလန်းစိုပြည် ကန္တာရမြေ”
“သဲကန္တာရအပင်များ”
“သဲကန္တာရအိုအေစစ်”
“တရုတ်နိုင်ငံနယ်စပ်ရှုခင်း - Badain Jaran သဲကန္တာရ”
“Tianshan စားကျက်မြေ”
“ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့”
“ကမ္ဘာမြေနေ့”