"တံဆိပ်ခေါင်းများထဲမှ လှပသော တရုတ်နိုင်ငံအား ကြည့်ရှုခြင်း" ဓာတ်ပုံပြပွဲ (၃)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-04-06 17:58:09


WeChat Image_20220330091841.jpg


တံဆိပ်ခေါင်းများကို “အသေးစား စွယ်စုံကျမ်း” ဟူ၍ တင်စားခေါ်ဝေါ်ကြသည်။ ခေတ်သစ်တရုတ်နိုင်ငံမှ ထုတ်ဝေသည့် ထောင်နှင့်ချီသော တံဆိပ်ခေါင်းများထဲတွင် ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်ရေး အတွေးအမြင်များကို ထင်ဟပ်နေသည့် တံဆိပ်ခေါင်းများစွာ ရှိပါသည်။ ၎င်းတို့သည် တရုတ်နိုင်ငံရှိ တောတောင်၊ မြစ်ချောင်းများနှင့် ရှားပါးမျိုးစိတ်များ၏ သဘာဝအလှတရားများကို သိပ်သည်းပေါ်လွင်စေရုံသာမက တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကိုလည်း သက်သေထူထားခဲ့ပါသည်။


ဤဓာတ်ပုံပြပွဲတွင် ကိုယ်စားပြုတံဆိပ်ခေါင်း စုစုပေါင်း (၇၁) စုံကို ရွေးချယ်ထားပြီး “တရုတ်နိုင်ငံ၏ ကမ္ဘာ့သဘာဝအမွေအနှစ်” ၊ “သဘာဝထိန်းသိမ်းရေးနယ်မြေ” ၊ “တောရိုင်းတိရစ္ဆာန်နှင့်အပင်အရင်းအမြစ်များ” ၊ “ရေအရင်းအမြစ်” နှင့် “ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးနှင့် စိမ်းလန်းစိုပြည်ရေး” ဟူ၍ အပိုင်း(၅)ပိုင်း ခွဲထားပါသည်။ တံဆိပ်ခေါင်းအနုပညာကို ကြားခံပြီး တရုတ်နိုင်ငံရှိ သစ်ပင်၊ တောတောင်၊ မြစ်ချောင်းများ၏ ဆွဲဆောင်မှုများကို ဆင့်ကမ်းကာ လူသားနှင့် သဘာဝတရားတို့အကြား သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်မှု သဘောထားအမြင်ကို ဝေမျှထားပါသည်။ ယခု စိမ်းစိုမှုအငွေ့အသက်များ ပြည့်နှက်နေသည့် “လေးထောင့်ကွက်လေးများခရီးစဉ်” ကို စတင်လိုက်ကြရအောင်။


တောရိုင်းတိရစ္ဆာန်နှင့်အပင်အရင်းအမြစ်များ


တရုတ်နိုင်ငံတွင် တောရိုင်းတိရစ္ဆာန်နှင့် အပင်မျိုးစိတ်များ စုံလင်များပြားပြီး ထူးခြားမျိုးစိတ် များစွာရှိသည်။ အဖိုးတန်အပင်အမျိုးပေါင်း (၃၀,၀၀၀) ကျော် ရှိသည့်အနက် ထူးခြားမျိုးစိတ်မှာ (၅၇) ရာခိုင်နှုန်းအထက် ရှိသည်။ နို့တိုက်သတ္တဝါမျိုးပေါင်း (၇၀၀) နီးပါးအနက်တွင် ထူးခြားမျိုးစိတ် (၂၁) ရာခိုင်နှုန်း ရှိသည်။ ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာမှုနှင့်အတူ တရုတ်နိုင်ငံရှိ အဖိုးတန်ရှားပါးပြီး မျိုးသုဉ်းမည့် အန္တရာယ်ရှိနေသော တောရိုင်းတိရစ္ဆာန်နှင့် အပင်မျိုးစိတ် (၃၀၀) ကျော်၏ အမျိုးအစားအလိုက် တည်ရှိမှုအရေအတွက်ပမာဏမှာ မူလရှိရင်းစွဲအနေအထားတွင် ခိုင်ခိုင်မာမာ ရှိနေသည့်အပြင် တဖြည်းဖြည်း တိုးတက်ပွားများလာပါသည်။


ယခုအပိုင်းတွင် ပြသထားသော တံဆိပ်ခေါင်းများသည် တောရိုင်းတိရစ္ဆာန်နှင့် အပင်များကို အဓိက အကြောင်းအရာအဖြစ် တင်ဆက်ထားပါသည်။ ယင်းအနက်တွင် တရုတ်နိုင်ငံ၌သာ ရှိသည့် အဖိုးတန်ရှားပါးပြီး မျိုးသုဉ်းမည့် အန္တရာယ်ရှိနေသော မျိုးစိတ်များနှင့် ရှေးဟောင်းရှားပါးမျိုးစိတ်များ ပါဝင်ပါသည်။ တောတောင်မြစ်ချောင်းများဆီသို့ အတူတကွ သွားရောက်ပြီး ဤကဲ့သို့ ချစ်စရာကောင်းလှသည့် သက်ရှိများကို လေ့လာရှုစားကြစို့လားရှင်။ 


“ရှေးဟောင်းရှားပါးအပင်များ”


01.jpg




“Fir Trees”


02.jpg


“အဖိုးတန်ရှားပါးပြီး မျိုးသုဉ်းမည့် အန္တရာယ်ရှိနေသော Magnoliaceae မျိုးရင်းဝင်အပင်”


03.jpg


“ဖိနပ်သစ်ခွ”


04.jpg


“ဆေးဖက်ဝင်အပင်များ”


05.jpg


“လိပ်ပြာများ”


06.jpg


“စတားဂျင်ငါး”


07.jpg


“Brown-Eared Pheasant”


08.jpg


“Crested Ibis”


09.jpg


“မန်ချူးရီးယားကြိုးကြာ”


10.jpg


“Yangtze မိကျောင်းခေါင်းတို”



11.jpg


“ရွှေရောင်နှာခေါင်းလန်မျောက်”


12.jpg


“တောရိုင်းကုလားအုတ်”


13.jpg


“တိဗက်တောင်ဆိတ်”


14.jpg


“ပန်ဒါဝက်ဝံ”


15.jpg


“နှင်းကျားသစ်”


16.jpg


“တောင်တရုတ်ကျား”


17.jpg