“တံဆိပ်ခေါင်းများထဲမှ လှပသော တရုတ်နိုင်ငံအား ကြည့်ရှုခြင်း” ဓာတ်ပုံပြပွဲ (၂)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-03-30 11:47:58


WeChat Image_20220330091841.jpg


တံဆိပ်ခေါင်းများကို “အသေးစား စွယ်စုံကျမ်း” ဟူ၍ တင်စားခေါ်ဝေါ်ကြသည်။ ခေတ်သစ်တရုတ်နိုင်ငံမှ ထုတ်ဝေသည့် ထောင်နှင့်ချီသော တံဆိပ်ခေါင်းများထဲတွင် ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်ရေး အတွေးအမြင်များကို ထင်ဟပ်နေသည့် တံဆိပ်ခေါင်းများစွာ ရှိပါသည်။ ၎င်းတို့သည် တရုတ်နိုင်ငံရှိ တောတောင်၊ မြစ်ချောင်းများနှင့် ရှားပါးမျိုးစိတ်များ၏ သဘာဝအလှတရားများကို သိပ်သည်းပေါ်လွင်စေရုံသာမက တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကိုလည်း သက်သေထူထားခဲ့ပါသည်။


ဤဓာတ်ပုံပြပွဲတွင် ကိုယ်စားပြုတံဆိပ်ခေါင်း စုစုပေါင်း (၇၁) စုံကို ရွေးချယ်ထားပြီး “တရုတ်နိုင်ငံ၏ ကမ္ဘာ့သဘာဝအမွေအနှစ်” ၊ “သဘာဝထိန်းသိမ်းရေးနယ်မြေ” ၊ “တောရိုင်းတိရစ္ဆာန်နှင့်အပင်အရင်းအမြစ်များ” ၊ “ရေအရင်းအမြစ်” နှင့် “ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးနှင့် စိမ်းလန်းစိုပြည်ရေး” ဟူ၍ အပိုင်း(၅)ပိုင်း ခွဲထားပါသည်။ တံဆိပ်ခေါင်းအနုပညာကို ကြားခံပြီး တရုတ်နိုင်ငံရှိ သစ်ပင်၊ တောတောင်၊ မြစ်ချောင်းများ၏ ဆွဲဆောင်မှုများကို ဆင့်ကမ်းကာ လူသားနှင့် သဘာဝတရားတို့အကြား သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်မှု သဘောထားအမြင်ကို ဝေမျှထားပါသည်။ ယခု စိမ်းစိုမှုအငွေ့အသက်များ ပြည့်နှက်နေသည့် “လေးထောင့်ကွက်လေးများခရီးစဉ်” ကို စတင်လိုက်ကြရအောင်။


သဘာဝထိန်းသိမ်းရေးနယ်မြေ


အဖိုးတန်ရှားပါးသည့် တိရစ္ဆာန်များ၊ အပင်များနှင့် ထင်ရှားသည့် သဘာဝဂေဟစနစ်များကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အလို့ငှာ ၂၀၂၀ ခုနှစ်အကုန်အထိ တရုတ်နိုင်ငံသည် နိုင်ငံအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၇၄) ခုနှင့် အခြားအဆင့်ပုံစံအမျိုးမျိုးသော သဘာဝထိန်းသိမ်းရေးနယ်မြေ (၁၁၈၀၀) ခုကို တည်ဆောက်ပြီးဖြစ်ပြီး ၎င်းမှာ နိုင်ငံ့ကုန်းမြေဧရိယာ၏ (၁၈) ရာခိုင်နှုန်း ရှိပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ “ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း (Convention on Biological Diversity)” ၌ ဖော်ပြထားသည့် ၂၀၂၀ ခုနှစ်ရောက်လျှင် ထိန်းသိမ်းရေးနယ်မြေဧရိယာ (၁၇) ရာခိုင်နှုန်း ရှိရမည်ဟူသည့် ရည်မှန်းချက်ကို သတ်မှတ်ချိန်ထက် စော၍ အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် သဘာဝထိန်းသိမ်းရေးနယ်မြ၏ အခြေခံပေါ်၌ ထပ်မံ၍ အမျိုးသားဥယျာဉ် (၅) ခုကို တရားဝင် ထူထောင်ခဲ့ပါသည်။


ယခုအပိုင်းတွင် ပြသထားသော တံဆိပ်ခေါင်းများသည် သင့်အား တရုတ်နိုင်ငံ၏ နိုင်ငံအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေ (၁၄) ခုဆီသို့ ခေါ်ဆောင်သွားမည် ဖြစ်ပြီး ၎င်းတို့သည် သဘာဝတရားကြီး၏ ပြတိုက်တစ်ခုသဖွယ် သင့်အား လူသားနှင့် သဘာဝတရားတို့အကြား သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်မှုတို့ကို ခံစားမိစေမည် ဖြစ်ပါသည်။


“Dinghu တောင်”



“(၅)ကန်ဆက်ရေကန် (Wudalianchi)”



“Changbai တောင်”



“Xianghai သဘာဝထိန်းသိမ်းရေးနယ်မြေ”


“ဆစ်ဆောင်ပန်းနား (Xishuangbanna) ရှုခင်း”




“Kanas သဘာဝထိန်းသိမ်းရေးနယ်မြေ”



“Jigong တောင်”



“Nanji ကျွန်းစု သဘာဝထိန်းသိမ်းရေးနယ်မြေ”



“တာလီ (Dali) ရှုခင်း”



“Xilingol မြက်ခင်းလွင်ပြင်”



“Qinghai ကန်”



“Liupan တောင်”



“Lushan တောင် ရှုခင်း”



“Sanjiangyuan သဘာဝထိန်းသိမ်းရေးနယ်မြေ”