"တံဆိပ်ခေါင်းများထဲမှ လှပသော တရုတ်နိုင်ငံအား ကြည့်ရှုခြင်း" ဓာတ်ပုံပြပွဲ (၁)

အရင်းအမြစ် - 仰光中国文化中心ထုတ်ပြန်ချိန် - 2022-03-23 13:12:21


WeChat Image_20220324095901.jpg


တံဆိပ်ခေါင်းများကို “အသေးစား စွယ်စုံကျမ်း” ဟူ၍ တင်စားခေါ်ဝေါ်ကြသည်။ ခေတ်သစ်တရုတ်နိုင်ငံမှ ထုတ်ဝေသည့် ထောင်နှင့်ချီသော တံဆိပ်ခေါင်းများထဲတွင် ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်ရေး အတွေးအမြင်များကို ထင်ဟပ်နေသည့် တံဆိပ်ခေါင်းများစွာ ရှိပါသည်။ ၎င်းတို့သည် တရုတ်နိုင်ငံရှိ တောတောင်၊ မြစ်ချောင်းများနှင့် ရှားပါးမျိုးစိတ်များ၏ သဘာဝအလှတရားများကို သိပ်သည်းပေါ်လွင်စေရုံသာမက တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကိုလည်း သက်သေထူထားခဲ့ပါသည်။


ဤဓာတ်ပုံပြပွဲတွင် ကိုယ်စားပြုတံဆိပ်ခေါင်း စုစုပေါင်း (၇၁) စုံကို ရွေးချယ်ထားပြီး “တရုတ်နိုင်ငံ၏ ကမ္ဘာ့သဘာဝအမွေအနှစ်” ၊ “သဘာဝထိန်းသိမ်းရေးနယ်မြေ” ၊ “တောရိုင်းတိရစ္ဆာန်နှင့်အပင်အရင်းအမြစ်များ” ၊ “ရေအရင်းအမြစ်” နှင့် “ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးနှင့် စိမ်းလန်းစိုပြည်ရေး” ဟူ၍ အပိုင်း(၅)ပိုင်း ခွဲထားပါသည်။ တံဆိပ်ခေါင်းအနုပညာကို ကြားခံပြီး တရုတ်နိုင်ငံရှိ သစ်ပင်၊ တောတောင်၊ မြစ်ချောင်းများ၏ ဆွဲဆောင်မှုများကို ဆင့်ကမ်းကာ လူသားနှင့် သဘာဝတရားတို့အကြား သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်မှု သဘောထားအမြင်ကို ဝေမျှထားပါသည်။ ယခု စိမ်းစိုမှုအငွေ့အသက်များ ပြည့်နှက်နေသည့် “လေးထောင့်ကွက်လေးများခရီးစဉ်” ကို စတင်လိုက်ကြရအောင်။


တရုတ်နိုင်ငံ၏ ကမ္ဘာ့သဘာဝအမွေအနှစ်


တရုတ်နိုင်ငံသည် သဘာဝဂေဟစနစ်နှင့် သဘာဝအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးကို အလွန်အလေးထားပါသည်။ ၁၉၈၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် “ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ ကွန်ဗင်းရှင်း (World Heritage Convention)” ၌ တရားဝင် ပါဝင်ခဲ့ပြီး ၎င်းနောက်တွင် နှစ်စဉ် ဇွန်လ၏ ဒုတိယမြောက် စနေနေ့ကို “ယဉ်ကျေးမှုနှင့်သဘာဝအမွေအနှစ်များနေ့” အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ တရုတ်နိုင်ငံတွင် ကမ္ဘာ့အမွေအနှစ် စုစုပေါင်း (၅၆) ခုရှိနေပြီ ဖြစ်ပြီး ၎င်းတို့အနက်တွင် သဘာဝအမွေအနှစ် (၁၄) ခု၊ ယဉ်ကျေးမှုနှင့် သဘာဝတရား နှစ်မျိုးဆင့်သော အမွေအနှစ် (၄) ခုတို့ ပါဝင်ပါသည်။ ယခုအပိုင်းတွင် တံဆိပ်ခေါင်းများမှတစ်ဆင့် “ကမ္ဘာ့အမွေအနှစ်စာရင်းမှတ်တမ်း”ဝင်များအနက်မှ တရုတ်နိုင်ငံ၏ သဘာဝရှုခင်းနေရာ (၁၄) ခုကို တင်ဆက်သွားမည် ဖြစ်ပါသည်။ ၎င်းတို့သည် သဘာဝတရားကြီး၏ ဂန္ထဝင်မြောက်လက်ရာများ ဖြစ်ကြပြီး လူသားအားလုံးတို့၏ အဖိုးတန်ရတနာများ ဖြစ်ကြလေသည်။