တရုတ်အစားအစာသင်ကြားခြင်း - ရှာလကာရည်ဆမ်းအာလူးမျှင်
ဗီဒီယိုကို World Federation of Chinese Catering Industry မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရှာလကာရည်ဆမ်းအာလူးမျှင်သည် အရသာကောင်းမွန်ပြီး ချိုချိုချဉ်ချဉ်အရသာနှင့် ခံတွင်းမြိန်သည်။ ၎င်းဟင်းလျာသည် ခံတွင်းအေးမြစေပြီး အစာစားလိုစိတ်ကို တိုးပွားစေသည့် အိမ်ဟင်းလျာတစ်မျိုး ဖြစ်သည်။
၎င်းဟင်းလျာသည် ခန္ဓာကိုယ်အပူအအေး ထိန်းညှိပေးပြီး အစာအိမ်ကို ကျန်းမာကောင်းမွန်စေခြင်း၊ သရက်ရွက် ကျန်းမာစေပြီး ကိုယ်တွင်းစိုထိုင်းမှုကို ထိန်းညှိပေးခြင်း၊ သွေးတွင်း သကြားဓာတ်နှင့် အဆီကို လျော့ကျစေခြင်း၊ အသားအရည် ကောင်းမွန်စေခြင်း၊ အာဟာရဓာတ် ဖြည့်စွက်ပေးခြင်း၊ ဆီးရွှင်၍ ရောင်ရမ်းမှုကျစေခြင်း စသည့် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ပါသည်။ အာလူးတွင် အဆီကျခြင်း၊ သွေးကြောကျုံ့ဆန့်အား ထိန်းပေးခြင်း၊ ဆိုဒီယမ်ဓာတ် ဖယ်ထုတ်ပြီး ပိုတက်ဆီယမ်ဓာတ် ထိန်းထားပေးခြင်း အစရှိသည့် အာနိသင်များ ရှိပြီး သွေးတိုးသမားများအတွက် ကောင်းမွန်ပါသည်။