တရုတ်အစားအစာသင်ကြားခြင်း - ရန်ကျိုးထမင်းကြော်
ဗီဒီယိုကို World Federation of Chinese Catering Industry မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရန်ကျိုးထမင်းကြော်ကို ရန်ကျိုးကြက်ဥထမင်းကြော်ဟုလည်း ခေါ်ဝေါ်သည်။ ၎င်းသည် ကျန်းဆူး(Jiangsu)ပြည်နယ်၊ ရန်ကျိုး(Yangzhou)မြို့၏ ရိုးရာအထင်ကရဟင်းလျာတစ်မျိုး ဖြစ်ပြီး ဟွိုင်ရန်(Huaiyang)ဟင်းလျာတွဲတွင် ပါဝင်ပါသည်။ အဓိကပါဝင်ပစ္စည်းများအနေဖြင့် ထမင်း၊ ဝက်ပေါင်ခြောက်၊ ကြက်ဥ၊ ပုစွန် စသည်တို့ ပါဝင်ပါသည်။
ရန်ကျိုးထမင်းကြော်သည် အရောင်စုံစုံလင်လင် ရှိသည်။ နီနီရဲရဲ ဝက်ပေါင်ခြောက်သည် ကြက်ဥအနှစ် ရောနယ်ထားသည့် ထမင်းဖြူပေါ်တွင် လဲလျောင်းနေပြီး သခွားသီးတုံးလေးများနှင့် ကျောက်စိမ်းရောင်ပဲစိမ်းလုံးတို့သည် တူနှစ်ကိုယ် အဖော်ပြု ယှဉ်တွဲလျက်ရှိသည်။ တလက်လက်ဝင်းနေသည့် ဆီကို ဇွန်းငယ်တစ်ဇွန်းစာလောက် အပေါ်မှ ထပ်လောင်းဆမ်းလိုက်သောအခါ ပြောင်ဝင်းတောက်ပသွားသည်။ လတ်ဆတ်နူးညံ့ပြီး အရည်ရွှမ်းသည့် ပုစွန်၊ မွှေးရနံ့သင်းပြီး ခံတွင်းမြိန်သည့် ထမင်း၊ ကျောက်စိမ်းရောင်သန်းနေသည့် ပဲစိမ်းလုံးတို့ဖြင့် ထမင်းအစေ့တိုင်းသည် ရနံ့သင်းသင်းမွှေး၍ စားလိုက်လျှင် အရသာမှာ ပြောမပြတတ်အောင်ပင် ကောင်းလွန်းလှပေသည်။