တရုတ်အစားအစာသင်ကြားခြင်း - ပေကျင်းဆော့ဝက်သားမျှင်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-12-15 15:17:39


ဗီဒီယိုကို World Federation of Chinese Catering Industry မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


WeChat Image_20211208090718.jpg


ပေကျင်းဆော့ဝက်သားမျှင်သည် ရိုးရာပေကျင်းစတိုင်လ် အိမ်ဟင်းလျာ ဖြစ်ပါသည်။ မိုးခိုသားကို အဓိကကုန်ကြမ်းအဖြစ် စိစစ်ရွေးချယ်ပြီး ဆော့အရည်ဖြင့် ကြော်ချက်ရသည့် ဟင်းလျာဖြစ်သည်။ သုံးဆောင်သည့်အခါတွင် ပါးပါးမျှင်မျှင် လှီးထားသော ကြက်သွန်မြိတ်၊ ပဲလိပ်တို့၏ ပံ့ပိုးမှုကို ရရှိပြီး အချို၊ အငန် အရသာတော်သင့်၍ ဆော့အရည်ရနံ့ ကြိုင်လှိုင်သင်းပျံ့ကာ တစ်မူထူးခြားလှပါသည်။ 




ဝက်သားတွင် ကြွယ်ဝသော အသားဓာတ်နှင့် အဆီများ ပါဝင်ပြီး ခန္ဓာကိုယ် အားပြည့်ကြံ့ခိုင်စေခြင်း၊ အစိုဓာတ်ပေးနိုင်ခြင်း၊ အသားအရေစိုပြေစေခြင်း စသည့် အကျိုးကျေးဇူးများ ပါရှိပါသည်။ နာမကျန်းဖြစ်ပြီးနောက် ခန္ဓာကိုယ်အားနည်းနေသူများ၊ ကလေးမွေးဖွားပြီး သွေးအားနည်းနေသူများ၊ မျက်နှာအသားအရောင် ကြည်လင်မှု မရှိဘဲ အဝါရောင်သန်းကာ အပိန်လွန်၍ အားနည်းနေသူများသည် ၎င်းဟင်းလျာကို အာဟာရဓာတ် ဖြည့်စွက်ပေးသည့် အားဖြည့်စာအဖြစ် သုံးဆောင်နိုင်ပါသည်။