တရုတ်အစားအစာသင်ကြားခြင်း - ခရမ်းချဉ်သီးကြက်ဥကြော်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-12-08 16:17:59


ဗီဒီယိုကို World Federation of Chinese Catering Industry မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


WeChat Image_20211208090718.jpg


ခရမ်းချဉ်သီးကြက်ဥကြော်သည် အိမ်ဟင်းလျာတစ်ပွဲ ဖြစ်သည်။ ဟင်းပွဲ၏ ထူးခြားချက်မှာ အရောင်လွင်၍ ချိုချဉ်အရသာရှိပြီး ခံတွင်းတွေ့လှသည်။ အာခံတွင်းမြိန်ရှက်လှပြီး အရောင်၊အနံ့၊ အရသာ ထူးကဲ၍ စားလိုစိတ်ကို တိုးပွားစေသည်။ ၎င်းဟင်းလျာတွင် ကြွယ်ဝသော ဗီတာမင်ဓာတ်များ၊ ကစီဓာတ် (Carbohydrate) ၊ ဩဂဲနစ်အက်စစ် (Organic Acid)နှင့် အသားဓာတ် အနည်းငယ်တို့ ပါဝင်ပြီး အစာချေစနစ်ကို တိုးမြှင့်ပေးခြင်း၊ ဆီးရွှင်ခြင်း၊ ပိုးမွှားအမျိုးအစား အများအပြား၏ ပိုးဆက်လက်ပေါက်ပွားမှုကို ထိန်းချုပ်တားမြစ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရှိပါသည်။



ခရမ်းချဉ်သီးကြက်ဥကြော်သည် အာဟာရဓာတ်ကြွယ်ဝပြီး အမျိုးသမီးများ ခန္ဓာကိုယ်ထိန်းသိမ်းရန်အတွက် ကောင်းမွန်သည့် အစားအစာတစ်မျိုး ဖြစ်သည်။ အာဟာရဓာတ်များစွာပါဝင်သည့် တစ်ပြိုင်နက်တည်းတွင်ပင် ဦးနှောက်ဖွံ့ဖြိုး၍ မှတ်ဉာဏ်အားကောင်းစေပြီး အရွယ်တင်နုပျိုစေသည့် အကျိုးကျေးဇူးများလည်း ရရှိနိုင်ပါသည်။ ယခုတစ်ပတ်ဗီဒီယိုတွင် အားလုံးအတွက် ၎င်းဟင်းလျာချက်ပြုတ်ပုံကို သင်ကြားပြသပေးသွားမည် ဖြစ်ပါသည်။